Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 5:4

Judson Bible

ငါ​က​လည်း၊ အ​ကယ်​စင်​စစ် ဤ​သူ​တို့​သည် ဆင်း​ရဲ​သား​ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို​လည်း​ကောင်း၊ မ​သိ​သော​ကြောင့် မိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ခက်​အ​လက်​တို့​သည် သွေ့​ခြောက်​သော​အ​ခါ ချိုး​ခြင်း​သို့​ရောက်၍၊ မိန်း​မ​တို့​သည် လာ၍ မီး​ရှို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​မဲ့​သော​အ​မျိုး​ဖြစ်၏။ ထို​ကြောင့်၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော​သူ​သည် မ​သ​နား၊ ကျေး​ဇူး​မ​ပြု​ဘဲ နေ​တော်​မူ​လိမ့်​မည်။

ထို​စာ​ကို စာ​မ​တတ်​သော​သူ​အား​ပေး၍၊ ဤ​စာ​ကို​ဖတ်​ပါ​လော့​ဟု ဆို​လျှင်၊ ထို​သူ​က၊ ငါ​သည် စာ​မ​တတ်​ဟု ပြန်​ပြော​တတ်၏။

သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း တိ​ရ​စ္ဆာန်​သ​ဘော​နှင့် မိုက်​သော​သ​ဘော​ရှိ​ကြ၏။ သစ်​သား​သော်​လည်း မိုက်​သော​အ​ယူ​ကို ဆုံး​မ​တတ်၏။

အ​ကယ်​စင်​စစ် ငါ၏​လူ​တို့​သည် ထိုင်း​မှိုင်း၍ ငါ့​ကို​မ​သိ​ကြ။ မိုက်​သော​သူ​ငယ်​ဖြစ်၍ ဉာဏ်​မ​ရှိ​ကြ။ မ​ကောင်း​သော​အ​မှု​တို့၌ လိ​မ္မာ​ကြ၏။ ကောင်း​သော​အ​မှု​တို့​ကို မ​ပြု​တတ်​ကြ။

အ​ကျိုး​မ​ရှိ​ဘဲ မု​သား​စ​ကား​ကို​ပြော​သော​သူ​တို့၌ သင်​တို့​သည် ခို​လှုံ​ကြ၏။

မိုး​ကောင်း​ကင်၌ ကျင်​လည်​သော တော​ငန်း​သော်​လည်း၊ မိ​မိ​အ​ချိန်​ကို သိ​တတ်၏။ ဥ​ချိုး၊ တီ​တီ​တွတ်၊ ဇ​ရက်​သော်​လည်း၊ မိ​မိ​ပြန်​လာ​ချိန်​ကို မှတ်​တတ်၏။ ငါ၏​လူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို နား​မ​လည်​တတ်။

သူ​တို့​သည် မိ​မိ​တို့​လျှာ​တည်း​ဟူ​သော လေး​ကို မု​သား​နှင့်​တင်​ကြ၏။ သ​စ္စာ​တ​ရား​ကို အ​မှီ​မ​ပြု​ဘဲ မြေ​ကြီး​ပေါ်​မှာ လူ​ကြီး​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် ဆိုး​သော​အ​မှု​အ​ပေါ်​မှာ ဆိုး​သော​အ​မှု​ကို ထပ်၍​ပြု​ကြ၏။ ငါ့​ကို​လည်း မ​သိ​မ​မှတ်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ့​လူ​တို့​သည် ပ​ညာ​နည်း​သော​ကြောင့်​ဆုံး​ရှုံး​ကြ၏။ သင်​သည် ပ​ညာ​ကို​ပယ်​သော​ကြောင့်၊ ငါ့​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​သို့ မ​ရောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ပယ်​မည်။ သင်၏​ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​မေ့​လျော့​သော​ကြောင့်၊ သင်၏​သား​သ​မီး​တို့​ကို ငါ​မေ့​လျော့​မည်။

မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ