ယေရမိ 40:3Judson Bibleခြိမ်းတော်မူသည် အတိုင်းလည်း၊ အမှုကိုရောက်စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ရောက်လေပြီ။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလဘုရားရှေ့မှာ နံ့သာပေါင်းကိုမီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ မိမိတို့အဖို့ မကောင်းသောအမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ သင်၌ အမှုရောက်မည်အကြောင်း မိန့်တော်မူပြီ။
သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကိုဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့၏အကျိုးကို မပြုစု၊ ဖျက်ဆီးခြင်းငှာ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကား ပြည့်စုံလိမ့်မည်။
သင်တို့သည် နံ့သာအပေါင်းကိုမီးရှို့၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံချက် ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့်လည်းကောင်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။