Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 4:5

Judson Bible

ယု​ဒ​ပြည်၌ တံ​ပိုး​မှုတ်​ကြ​လော့​ဟု၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ တစ်​ပြည်​လုံး​ကြွေး​ကြော်၍ သ​တင်း​ကြား​ကြ​လော့။ စည်း​ဝေး၍ ခိုင်​ခံ့​သော​မြို့​များ အ​တွင်း​သို့ ဝင်​ကြ​ကုန်​အံ့​ဟု အ​ရပ်​ရပ်၌ အ​နှံ့​အ​ပြား ကြွေး​ကြော်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ချင်း​နင်း​စဉ်​တွင် ပါ​သွား​လိမ့်​မည်။ နံ​နက်​အ​ချိန်​ရောက်​မြဲ အ​စဉ်​အ​တိုင်း၊ နေ့​ည​မ​ပြတ် ချင်း​နင်း​သည်​ဖြစ်၍၊ သ​တင်း​ကြား​ကာ​မျှ​အား​ဖြင့် ထိတ်​လန့်​ခြင်း​အ​ကြောင်း ရှိ​လိမ့်​မည်။

သင်​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဟော​ပြော​ဆင့်​ဆို​ရ​မည်​မှာ၊ ယ​နေ့ ဖြစ်​သည်​နှင့်​အ​ညီ၊ နို့​နှင့်​ပျား​ရည်​စီး​သော ပြည်​ကို​ငါ​ပေး​မည်​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ၌ ငါ​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို စောင့်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ငါ၏​လူ​ဖြစ်၍၊ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​ဖြစ်​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​ထောင်၍၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း ကျင့်​ကြ​လော့​ဟု၊ သံ​မီး​ဖို​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့၏​ဘိုး​ဘေး​များ​ကို နုတ်​ဆောင်​သော​အ​ခါ သူ​တို့၌ ငါ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟု မိန့်​တော်​မူ​လျှင်၊ ငါ​က၊ အို ထာ​ဝ​ရ​ဘု​ရား၊ အာ​မင်​ဟု လျှောက်​၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဤ​ပြည်​သို့​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​က၊ လာ​ကြ။ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​နှင့် ရှု​ရိ​စစ်​သူ​ရဲ​တို့​ကို ကြောက်​စ​ရာ​ရှိ​သည်​ဟု အ​ချင်း​ချင်း ပြော​ဆို၍၊ ယ​ခု​ယေ​ရှု​ရှ​လင်​မြို့၌ နေ​ကြ​ပါ​သည်​ဟု ဆို​ကြ၏။

ယာ​ကုပ်​အ​မျိုး​နေ​ရာ ယု​ဒ​ပြည်၌ ဟော​ပြော​ကြွေး​ကြော်​ရ​မည်​မှာ၊

အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။

ငါ​တို့​သည် အ​ဘယ်​ကြောင့် ထိုင်​လျက်​နေ​ကြ​သ​နည်း။ စု​ဝေး​ကြ​ကုန်​အံ့၊ ခိုင်​ခံ့​သော မြို့​များ​အ​ထဲ​သို့​ဝင်၍ တိတ်​ဆိတ်​စွာ နေ​ကြ​ကုန်​အံ့။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ၍၊ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​တော်​မူ၏။

ဤ​အ​မှု​ကို နား​လည်​နိုင်​သော ပ​ညာ​ရှိ​ကား၊ အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​ကို​ခံ၍၊ ဤ​အ​မှု၏​အ​ကြောင်း​ကို ပြော​နိုင်​သော​သူ​ကား၊ အ​ဘယ်​သူ​နည်း။ အ​ဘယ်​သူ​မျှ လျှောက်၍​မ​သွား​နိုင်​အောင်၊ တစ်​ပြည်​လုံး​သည် တော​ကဲ့​သို့​မီး​လောင်၍၊ အ​ဘယ်​ကြောင့် ပျက်​စီး​သ​နည်း။

စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ တံ​ပိုး​ကို​မှုတ်​ကြ​သော်​လည်း၊ အ​ဘယ်​သူ​မျှ စစ်​ချီ၍​မ​သွား။ အ​ကြောင်း​မူ​ကား၊ ငါ့​အ​မျက်​သည် ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။

တံ​ပိုး​မှုတ်​လော့။ ရန်​သူ​သည် ရွှေ​လင်း​တ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်၍ ငါ့​တ​ရား​ကို လွန်​ကျူး​ကြ​ပြီ။

ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ သန့်​ရှင်း​သော ငါ​တောင်​ပေါ်​မှာ သ​တိ​ပေး​သော အ​သံ​ကို ပြု​ကြ​လော့။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ၍ နီး​ပြီ။

မြို့​ထဲ​မှာ တံ​ပိုး​မှုတ်​လျှင်၊ မြို့​သား​တို့​သည် မ​ကြောက်​မ​လန့်​ဘဲ​နေ​ကြ​လိမ့်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မ​မူ​ဘဲ ဘေး​တစ်​စုံ​တစ်​ခု​သည် မြို့​ထဲ​မှာ ရောက်​လိမ့်​မည်​လော။

ခြင်္သေ့​ဟောက်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​ကြောက်​မ​လန့်​ဘဲ​နေ​လိမ့်​မည်​နည်း။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် ပ​ရော​ဖက်​မ​ပြု​ဘဲ​နေ​လိမ့်​မည်​နည်း။

သင်​သည် ပ​ရိ​သတ်​စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တပ်​တို့​ကို​ချီ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မှုတ်​ရ​သော ငွေ​တံ​ပိုး​နှစ်​လုံး​ကို၊ တစ်​လုံး​လျှင် ငွေ​တစ်​တုံး​စီ​ဖြင့် မ​ဆက်​ဘဲ​လုပ်​ရ​မည်။

တံ​ပိုး​မှုတ်​သော​အ​ခါ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၊ သင့်​ထံ၌​စည်း​ဝေး​ရ​ကြ​မည်။

ယော​ရှု​နှင့် ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ၊ ကျန်​ကြွင်း​သော​သူ​အ​ချို့​တို့​သည် ခိုင်​ခံ့​သော​မြို့​သို့​ဝင်၍ နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ