ယေရမိ 17:3Judson Bibleအချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာနှင့် သိုထားသမျှသောဥစ္စာကိုလည်းကောင်း၊ ပြည်တစ်လျှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကိုလည်းကောင်း၊ လုယူသောသူတို့လက်သို့ ငါအပ်မည်။ အခန်းကိုကြည့်ပါ။ |
ဤမြို့၏ အစွမ်းသတ္တိရှိသမျှကိုလည်းကောင်း၊ လုပ်ဆောင်၍ ရသမျှသောဥစ္စာကိုလည်းကောင်း၊ ဆည်းပူးသမျှသော ရတနာကိုလည်းကောင်း၊ ယုဒရှင်ဘုရင်၏ဘဏ္ဍာတော်အလုံးစုံတို့ကိုလည်းကောင်း၊ ရန်သူလက်သို့ငါအပ်သဖြင့်၊ ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။
ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မောရရှရွာသား မိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ဖြစ်လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။