Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 9:2

Judson Bible

ထို​အ​ခါ လူ​ခြောက်​ယောက်​တို့​သည် အ​သီး​အ​သီး ကွပ်​မျက်​စ​ရာ လက်​နက်​ကို​ကိုင်​လျက်၊ တစ်​ယောက်​သည်​လည်း၊ ပိတ်​အ​ဝတ်​ကို​ဝတ်၍ နံ​ပါး၌ မင်​အိုး​ပါ​လျက်၊ မြောက်​မျက်​နှာ​ဘက် အ​ထက်​တံ​ခါး​လမ်း​ဖြင့် ဝင်၍၊ ကြေး​ဝါ​ပ​လ္လင်​အ​နား​မှာ ရပ်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။ ထို​မင်း​သည် ဗိ​မာန်​တော်​အ​ထက်​တံ​ခါး​ကို​လုပ်​လေ၏။

ထို​မင်း​သည် ဗိ​မာန်​တော်​အ​ထက်​တံ​ခါး​ကို လုပ်၍၊ ဩ​ဖေ​လ​မြို့​ရိုး​ကို အ​လွန်​ခိုင်​ခံ့​စေ၏။

အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ​အ​တောင် နှစ်​ဆယ်၊ အ​မြင့် ဆယ်​တောင်​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို​လည်း လုပ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ကို​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​မှာ​ထား၍၊ ထို​ပ​လ္လင်​ပေါ်၌ မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း ပူ​ဇော်​လေ၏။

အ​ကြောင်း​မူ​ကား၊ မြောက်​တိုင်း​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​ခေါ်၍၊ သူ​တို့​သည် လာ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​ဝ​များ​တို့၌​လည်း​ကောင်း၊ မြို့​ရိုး​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း မိ​မိ​တို့ ရာ​ဇ​ပ​လ္လင်​များ​ကို အ​သီး​အ​သီး တည်​ထား​ကြ​လိမ့်​မည်။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

ယု​ဒ​မှူး​မတ်​တို့​သည် ထို​အ​မှု​ကို ကြား​သိ​သော​အ​ခါ၊ နန်း​တော်​မှ ဗိ​မာန်​တော်​သို့​လာ၍၊ ဗိ​မာန်​တော် တံ​ခါး​သစ်​အ​တွင်း၌ ထိုင်​ကြ၏။

ဇိ​အုန်​တောင်​ပေါ်​မှာ အ​လံ​ကို​ထူ​ကြ​လော့။ လွတ်​အောင်​ပြေး​ကြ​လော့။ ရပ်၍ မ​နေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း ဘေး​ဥ​ပဒ်​ကို မြောက်​မျက်​နှာ​မှ ငါ​သည်​ဆောင်​ခဲ့​မည်။

ပိတ်​အ​ဝတ်​ကို​ဝတ်​သော သူ​အား​လည်း၊ ရ​ထား​ဘီး​တို့​အ​ကြား​မှာ ခေ​ရု​ဗိမ်​အောက်​သို့ ဝင်​လော့။ ခေ​ရု​ဗိမ် အ​ကြား​မှာ​ရှိ​သော မီး​ခဲ​တို့​ကို လက်​နှစ်​ဖက်​နှင့် ကျုံး​ပြီး​လျှင်၊ မြို့​အ​ပေါ်​မှာ ဖြန့်​ကြဲ​လော့​ဟု မိန့်​တော်​မူ​သည် အ​တိုင်း၊ ထို​သူ​သည် ငါ့​မျက်​မှောက်၌ သွား၏။

လက်​သ​ဏ္ဌာန်​ကို​ဆန့်၍ ငါ၏​ဆံ​ပင်​တစ်​စု​ကို ကိုင်​လျက်၊ ဝိ​ညာဉ်​တော်​သည် ငါ့​ကို မြေ​နှင့်​မိုး​ကောင်း​ကင်​ကြား​မှာ ချီ​ကြွ၍၊ အ​မျက်​တော်​ကို နှိုး​ဆော်​သော ရုပ်​တု​ပ​လ္လင်​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ မြောက်​မျက်​နှာ​အ​တွင်း တံ​ခါး​ဝ​သို့၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ဆောင်​သွား၏။

ပိတ်​အ​ဝတ်​ကို​ဝတ်၍ နံ​ပါး၌ မင်​အိုး​ပါ​သော​သူ​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​ပြု​ပါ​ပြီ​ဟု ပြန်​လျှောက်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် ကျိန်း​ဝပ်​ရာ​ခေ​ရု​ဗိမ်​မှ အိမ်​တော်​တံ​ခါး​ခုံ​သို့ တက်၍၊ ပိတ်​အ​ဝတ်​ကို​ဝတ်​လျက်၊ နံ​ပါး၌ မင်​အိုး​ပါ​သော​သူ​ကို​ခေါ်၍၊

မျှော်​ကြည့်၍ ပိတ်​ချော​နှင့် ဥ​ဖတ်​ရွှေ​စင်​ခါး​ပန်း​ကို ဝတ်​စည်း​လျက်​ရှိ​သော လူ​တစ်​ဦး​ကို​မြင်၏။

တစ်​ပါး​က​လည်း၊ အံ့​ဖွယ်​သော ဤ​အ​မူ​အ​ရာ​တို့​သည် မ​ကုန်​စင်​မီ အ​ဘယ်​မျှ​လောက် ကြာ​လိမ့်​မည်​နည်း​ဟု ပိတ်​ချော​ကို​ဝတ်​လျက်၊ မြစ်​ရေ​ပေါ်​မှာ​ရှိ​သော လူ​ကို မေး​မြန်း၏။

သန့်​ရှင်း​သော​ပိတ်​ချော​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်၍၊ ပိတ်​ချော​ခါး​ပန်း​ကို စည်း​ရ​မည်။ ပိတ်​ချော​ဗောင်း​ကို​လည်း ဆောင်း​ရ​မည်။ ထို​အ​ဝတ်​တန်​ဆာ​တို့​သည် သန့်​ရှင်း​သော​ကြောင့်၊ ကိုယ်​ကို​ရေ​ချိုး​ပြီး​မှ ဝတ်​ဆင်​ရ​မည်။

တစ်​ဖန် ငါ​ကြည့်​ရှု၍ ဘု​ရား​ရှင်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ ရပ်​လျက် မိန့်​တော်​မူ​သည်​ကား၊ ရှိ​သ​မျှ​သော​သူ​တို့၏ ခေါင်း​ပေါ်​သို့ တံ​ခါး​တိုင်​လှုပ်၍ ပြို​ကျ​စေ​ခြင်း​ငှာ တံ​ခါး​ထုပ်​ကို ရိုက်​လော့။ သူ​တို့​သား​မြေး​များ​ကို​လည်း ဓား​နှင့် ငါ​ကွပ်​မျက်​မည်။ ပြေး​သော​သူ​သည် မ​လွတ်​ရ။ လွတ်​သော​သူ​သည်​လည်း ချမ်း​သာ​ကို မ​တွေ့​ရ။

ဘေး​ဒဏ်​ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​သည် စင်​ကြယ်​ပြောင်​လက်​သော ပိုက်​ဆန်​အ​ဝတ်​ကို ဝတ်​လျက်၊ ရင်၌ ရွှေ​ရင်​စည်း​ကို စည်း​လျက် ဗိ​မာန်​တော်​ထဲ​က ထွက်​လာ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ