တစ်ဖန်တုံ အချင်းလူသား၊ တံတိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ၏။
မတရားသဖြင့် ကျင့်သောသူ၏ပုန်းရှောင်ရာ မှောင်မိုက်၊ သေမင်းအရိပ်တစ်စုံတစ်ခုမျှမရှိ။
ထာဝရဘုရား မသိစေခြင်းငှာ၊ နက်နဲသောအကြံကို ကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကို အဘယ်သူမြင်သနည်း။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
ထိုမှတစ်ပါး၊ အနိုင်အထက်ပြုသည်ကို သင်မတွေ့။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ်၍၊ သွန်းသော အသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား၏။
ငါမမြင်စေခြင်းငှာ အဘယ်သူသည် မထင်ရှားသောအရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
တံတိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား၍ ငါကြည့်ရှုသောအခါ၊ တံတိုင်းရိုး၌ အပေါက်ကို မြင်လေ၏။
ဝင်လော့။ ဤအရပ်၌ ပြုကြသော စက်ဆုပ်ရွံရှာဖွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း၊