Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 8:6

Judson Bible

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ငါ​သည် ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​နှင့် ဝေး​စွာ​သွား​စေ​ခြင်း​ငှာ သူ​တို့​ပြု​ကြ​သော​အ​မှု၊ ဤ​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​ပြု​သော၊ အ​လွန် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို မြင်​ပြီ​လော။ တစ်​ဖန် လှည့်၍​သွား​ဦး​လော့။ သာ၍​ကြီး​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို မြင်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

အို​လေ​ဝိ​သား​တို့၊ နား​ထောင်​ကြ​လော့။ ကိုယ်​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​စေ၍၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က အ​မှိုက်​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။

ရှိ​လော​တဲ​တော်​တည်း​ဟူ​သော၊ လူ​တို့​တွင် နေ​ရာ​ချ​တော်​မူ​သော​အ​ရပ်​ကို စွန့်​တော်​မူ၏။

စည်း​ဝေး​သော​ပ​ရိသတ်​များ​အ​လယ်၌ ဒု​စ​ရိုက်​မျိုး​ကို ကုန်​စင်​လု​သည်​တိုင်​အောင် ငါ​ပြု​လေ​ပြီ​တ​ကား​ဟု မြည်​တမ်း​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​ကြောင့် ငါ​သိ​ရ၏။ သူ​တို့​ပြု​သော အ​မှု​များ​ကို ကိုယ်​တော်​သည် ပြ​တော်​မူ​ပြီ။

ပ​ရော​ဖက်​နှင့် ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​တို့​သည် ဘု​ရား​ကို မ​ရို​မ​သေ​ပြု​ကြ​ပြီ။ ငါ့​အိမ်၌​ပင် သူ​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ငါ​တွေ့​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ဤ​အိမ်​ကို ရှိ​လော​ရွာ​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ ဤ​မြို့​ကို​လည်း၊ မြေ​ပေါ်​မှာ လူ​အ​မျိုး​မျိုး ကျိန်​ဆဲ​သော​မြို့ ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။

ယော​ရှိ​မင်း​ကြီး​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဖောက်​ပြန်​သော ဣ​သ​ရေ​လ​အ​မျိုး ပြု​သော​အ​မှု​ကို သင်​မြင်​ပြီ​လော။ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်​သို့​တက်၍​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း ပြည့်​တန်​ဆာ​လုပ်​လေ​ပြီ။

ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော​ဗိ​မာန်​ကို ညစ်​ညူး​စေ​ခြင်း​ငှာ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့​ကို သွင်း​ထား​ကြ​ပြီ​တ​ကား၊

သူ​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​တို့​၌ ပြု​ကြ​သော​အ​မှု​ကို မ​မြင်​သ​လော။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ငါ့​ရှေ့​မှာ ဆိုး​သော​အ​မှု​ကို ပြု​ကြ​ပြီ။ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော အိမ်​တော်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​တို့​ကို သွင်း​ထား​ကြ​ပြီ။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် အိမ်​တော်​တံ​ခါး​ခုံ​မှ ရွှေ့၍​ခေ​ရု​ဗိမ်​အ​ပေါ်​မှာ တည်​လေ၏။

ထို​ခေ​ရု​ဗိမ်​တို့​သည် ငါ့​မျက်​မှောက်၌ အ​တောင်​တို့​ကို ဖြန့်​ပြီး​လျှင်၊ မြေ​ကြီး​နှင့်​ကွာ၍ တက်​ကြ၏။ ပြင်​သို့ ထွက်​သော​အ​ခါ ဘီး​တို့​သည် လိုက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့ တံ​ခါး​ဝ​မှာ​ရပ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် သူ​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။

ထို​အ​ခါ ခေ​ရု​ဗိမ်​တို့​သည် အ​တောင်​တို့​ကို ဖြန့်၍၊ ဘီး​တို့​သည်​လည်း လိုက်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် ဘုန်း​တော်​သည်​လည်း သူ​တို့​အ​ပေါ်၌ ရှိ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် မြို့​ထဲ​က​တက်၍၊ မြို့​အ​ရှေ့​မှာ​ရှိ​သော တောင်​ပေါ်၌ ရပ်​တော်​မူ၏။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ နောင်​တ​ရ၍ ရုပ်​တု​တို့​ကို ကြဉ်​ရှောင်​ကြ​လော့။ သင်​တို့​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​မှ မျက်​နှာ​လွှဲ​ကြ​လော့။

ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ကို ညှဉ်း​ဆဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​နေ​ခြင်း၊ ရုပ်​တု​ကို ဖူး​မျှော်​ခြင်း၊ ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ခြင်း၊

သူ​တို့​တံ​ခါး​ခုံ​ကို​လည်း ငါ့​တံ​ခါး​ခုံ​အ​နား​မှာ​လည်း​ကောင်း၊ သူ​တို့​တိုင်​ကို​လည်း ငါ့​တိုင်​အ​နား​မှာ​လည်း​ကောင်း တည်​စိုက်​လျက်၊ ငါ​နှင့် သူ​တို့​စပ်​ကြား​မှာ နံ​ရံ​တစ်​ခု​တည်း​သာ​ရှိ​လျက်၊ သူ​တို့ ပြု​မိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ဖြင့်၊ ငါ၏​နာ​မ​တော်​မြတ်​ကို ရှုတ်​ချ​သော​ကြောင့်၊ ငါ​သည်​အ​မျက်​ထွက်၍ သူ​တို့​ကို ဖျက်​ဆီး​ပြီ။

ထို​သူ​က၊ အ​ချင်း​လူ​သား၊ ဤ​အ​ရာ​ကို မြင်​သည်​မ​ဟုတ်​လော​ဟု ပြော​ပြီး​မှ တစ်​ဖန်​ငါ့​ကို​ခေါ်​သွား၍ မြစ်​နား​သို့​ပြန်​စေ၏။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​နှင့် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သင်​သည် ညစ်​ညူး​စေ​သော​ကြောင့်၊ ငါ​သည်​လည်း သင့်​ကို​မ​နှ​မြော၊ မ​စုံ​မက်​ဘဲ​မျက်​နှာ​လွှဲ​မည်။

တစ်​ဖန် လှည့်၍ သွား​ဦး​လော့။ သူ​တို့​ပြု​သော အ​မှု​တို့​တွင် သာ၍​ကြီး​စွာ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို မြင်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်၊

ဗိ​မာန်​တော်​မြောက်​တံ​ခါး​ဝ​သို့ ဆောင်​သွား၍၊ ထို​အ​ရပ်၌ မိန်း​မ​တို့​သည် တ​မ္မု​ဇ​နတ်​အ​ဖို့ ငို​ကြွေး​လျက် ထိုင်​ကြ၏။

တံ​တိုင်း​တံ​ခါး​ဝ​သို့ ငါ့​ကို​ဆောင်​သွား၍ ငါ​ကြည့်​ရှု​သော​အ​ခါ၊ တံ​တိုင်း​ရိုး၌ အ​ပေါက်​ကို မြင်​လေ၏။

ဝင်​လော့။ ဤ​အ​ရပ်၌ ပြု​ကြ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​ဆိုး​တို့​ကို ကြည့်​ရှု​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

သိုး​စု​နွား​စု​ပါ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ သွား​ကြ​သော်​လည်း မ​တွေ့​ရ​ကြ။ သူ​တို့​နှင့် ကွာ​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ