Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 7:5

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘေး​တစ်​ခု နောက်​တစ်​ခု​ရောက်​လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ပြစ်​ရှိ​သော​သူ​တို့​ကို ဘေး​လိုက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကောင်း​သော​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​သည် ခု​နစ်​ကြိမ်​လဲ​သော်​လည်း ထ​ပြန်​လိမ့်​မည်။ မ​တ​ရား​သော​သူ​မူ​ကား၊ လဲ​သော​အ​ခါ ဆုံး​ရှုံး​လိမ့်​မည်။

ကင်း​စောင့်​က​လည်း၊ နံ​နက်​သည် လာ၏။ ည​လည်း​လာ၏။ သင်​တို့​သည် မေး​မြန်း​လို​လျှင် မေး​မြန်း​ကြ။ ပြန်​သွား​ကြ။ တစ်​ဖန် လာ​ကြ​ဟု ဆို​လေ၏။

အို ယု​ဒ​ရှင်​ဘု​ရင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သ​တင်း​ကြား​သော​သူ​တိုင်း နား​ခါး​သည်​တိုင်​အောင်၊ ငါ​သည် ဤ​အ​ရပ်၌ ဘေး​ရောက်​စေ​မည်။

သင်​ပြု​ဖူး​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့်၊ ငါ​မ​စီ​ရင်​စ​ဖူး၊ မ​စီ​ရင်​လ​တ္တံ့​သော အ​ပြစ်​ဒဏ်​ကို သင်၌​စီ​ရင်​မည်။

အ​ချိန်​စေ့​ပြီ။ နေ့​ရက်​နီး​ပြီ။ ဝယ်​သော​သူ​သည် ဝမ်း​မ​မြောက်​စေ​နှင့်။ ရောင်း​သော​သူ​သည် စိတ်​မ​သာ၊ မ​ညည်း​တွား​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သည် တည်​လျက်​ရှိ၏။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ပြည်​လေး​ထောင့်​တို့​သည် ဆုံး​ခြင်း​သို့​ရောက်​ကြ၏။

အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။

ထို​နေ့​ရက်​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​နီး​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင် ဖျက်​ဆီး​ခြင်း ဘေး​ကဲ့​သို့ ရောက်​လာ​လိမ့်​မည်။

မြေ​ကြီး​ပေါ်​မှာ​နေ​သော အ​မျိုး​သား​အ​ပေါင်း​တို့​တွင် သင်​တို့ တစ်​မျိုး​တည်း​ကို​သာ ငါ​လက်​ခံ​သော​ကြောင့်၊ သင်​တို့​အ​ပြစ် ရှိ​သ​မျှ​တို့​ကို ငါ​စစ်​ကြော​မည်။

ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ အ​ဘယ်​သို့ ကြံ​စည်​ကြ​သ​နည်း။ အ​ပြီး​ဆုံး​ရှုံး​စေ​တော်​မူ​မည်။ တစ်​ဖန် နှိပ်​နင်း​စ​ရာ အ​ကြောင်း​မ​ရှိ​ရ။

ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​နေ့၌ သူ​တို့​ရွှေ​ငွေ​သည် သူ​တို့​ကို မ​ကယ်​တင်​နိုင်​ရာ။ ဒေါ​သ​အ​မျက်​တော်​မီး​သည် တစ်​ပြည်​လုံး​ကို လောင်​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို အ​လျင်​အ​မြန်​စီ​ရင်၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ က​မ္ဘာ​ဦး​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော ကြီး​စွာ​သော ဒု​က္ခ​သည် ထို​ကာ​လ၌ ဖြစ်​လိမ့်​မည်။-

အ​ပြစ်​တ​ရား​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ အ​ပြစ်​နှင့်​အ​လျောက် ဆပ်​ပေး​ရ​သော အ​ခွင့်​ကို​ငါ​ပိုင်၏။ အ​ချိန်​တန်​မှ သူ​တို့​ခြေ​သည် ချော်​လိမ့်​မည်။ သူ​တို့၌ ဘေး​ရောက်​သော​အ​ချိန် နီး​ပြီ။ သူ​တို့​တွေ့​ကြုံ​ရ​သော​အ​မှု​သည် အ​လျင်​အ​မြန် ရောက်​လာ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ