Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 7:12

Judson Bible

အ​ချိန်​စေ့​ပြီ။ နေ့​ရက်​နီး​ပြီ။ ဝယ်​သော​သူ​သည် ဝမ်း​မ​မြောက်​စေ​နှင့်။ ရောင်း​သော​သူ​သည် စိတ်​မ​သာ၊ မ​ညည်း​တွား​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သည် တည်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဝယ်​သော​သူ​က၊ မ​ကောင်း​ဘူး၊ မ​ကောင်း​ဘူး​ဟု ဆို​တတ်၏။ ဝယ်၍​သွား​ပြီး​မှ ဝါ​ကြွား​တတ်၏။

ကင်း​စောင့်​က​လည်း၊ နံ​နက်​သည် လာ၏။ ည​လည်း​လာ၏။ သင်​တို့​သည် မေး​မြန်း​လို​လျှင် မေး​မြန်း​ကြ။ ပြန်​သွား​ကြ။ တစ်​ဖန် လာ​ကြ​ဟု ဆို​လေ၏။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်၊ သစ်​ပင်၊ မြေ​အ​သီး​အ​နှံ​အ​ပေါ်​မှာ ငါ​သည် ဒေါ​သ​အ​မျက်​မီး​ကို သွန်း​လောင်း၍၊ ထို​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​လိမ့်​မည်။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထို​စ​ကား​ပုံ​ကို ငါ​ပျောက်​စေ​မည်။ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​၌ မ​သုံး​ရ​ကြ။ နေ့​ရက်​ကာ​လ​နီး​ပြီ။ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပြည့်​စုံ​ကြ​လိမ့်​မည်​ဟု ပြော​လော့။

ထို​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နေ့၊ မိုး​အုံ့​သော​နေ့၊ တစ်​ပါး​အ​မျိုး​သား​ဖို့ ချိန်း​ချက်​သော​အ​ချိန်​နီး​ပြီ။

နေ့​ရက်​ရောက်​လာ၏။ ရောက်​လာ၏။ အ​လှည့်​ခံ​ရ​ချိန်​စေ့​ပြီ။ တံ​ဖျာ​ပွင့်​ပြီ။ မာ​န​ကြီး​ပွား​ပြီ။

ထို​နေ့​ရက်​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​နီး​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင် ဖျက်​ဆီး​ခြင်း ဘေး​ကဲ့​သို့ ရောက်​လာ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​နေ့​ကြီး​နီး​ပြီ။ နီး​ပြီ။ အ​လျင်​အ​မြန်​လာ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​သ​တင်း​သည် နား၌ ခါး၏။ ထို​နေ့၌ သူ​ရဲ​သည် အော်​ဟစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ