Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 7:10

Judson Bible

နေ့​ရက်​ရောက်​လာ၏။ ရောက်​လာ၏။ အ​လှည့်​ခံ​ရ​ချိန်​စေ့​ပြီ။ တံ​ဖျာ​ပွင့်​ပြီ။ မာ​န​ကြီး​ပွား​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သူ​တို့​ပြစ်​မှား​သော​ကြောင့်၊ ကြိမ်​လုံး​နှင့်​ဆုံး​မ၍ ဒဏ်​ချက်​တို့​နှင့် ဒု​စ​ရိုက်​အ​တိုင်း အ​ပြစ်​ပေး​မည်။

မိုက်​သော​သူ၏​နှုတ်၌ မာ​န​ကြိမ်​လုံး​ရှိ၏။ ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ကယ်​တင်​သော​အ​မှု​ကို ပြု​တတ်၏။

မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။

အာ​ရှု​ရိ​လူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ငါ့​အ​မျက်၏​လှံ​တံ​ဖြစ်၏။ သူ​ကိုင်​သော​တောင်​ဝှေး​သည် ငါ​ဒဏ်​ပေး​စ​ရာ​ဖို့ ဖြစ်၏။

ကင်း​စောင့်​က​လည်း၊ နံ​နက်​သည် လာ၏။ ည​လည်း​လာ၏။ သင်​တို့​သည် မေး​မြန်း​လို​လျှင် မေး​မြန်း​ကြ။ ပြန်​သွား​ကြ။ တစ်​ဖန် လာ​ကြ​ဟု ဆို​လေ၏။

စ​ပျစ်​ရည်​နှင့် ယစ်​မူး​သော​သူ​တို့၏​နေ​ရာ ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​နှင့်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည် အ​မင်္ဂ​လာ​ရှိ၏။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထို​စ​ကား​ပုံ​ကို ငါ​ပျောက်​စေ​မည်။ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​၌ မ​သုံး​ရ​ကြ။ နေ့​ရက်​ကာ​လ​နီး​ပြီ။ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပြည့်​စုံ​ကြ​လိမ့်​မည်​ဟု ပြော​လော့။

အ​ခက်​အ​လက်​တံ​ဖျာ​တစ်​ခု​ထဲ​က မီး​ထွက်၍ အ​သီး​ကို ကျွမ်း​လောင်​ပြီး၊ အ​စိုး​ရ​သော ရာ​ဇ​လှံ​တံ​ဖို့ ခိုင်​ခံ့​သော​တံ​ဖျာ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း။ ဤ​ရွေ့​ကား၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​အ​ကြောင်း​ဖြစ်၏။ ငို​ကြွေး​မြည်​တမ်း​စ​ရာ​အ​ကြောင်း​လည်း ဖြစ်​လိမ့်​မည်။

ထက်၍ အ​ထူး​သ​ဖြင့် လုပ်​ကြံ​စေ​ခြင်း​ငှာ သွေး​လေ​ပြီ။ ပြောင်၍ အ​ရောင်​တောက်​စေ​ခြင်း​ငှာ​လည်း ပွတ်​လေ​ပြီ။ ငါ့​သား၏ ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်​လော။ ထို​ဓား​သည် သစ်​သား​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင် ပြု​တတ်၏။

စုံ​စမ်း​ခြင်း​အ​မှု​ဖြစ်၏။ ဓား​တော်​သည် လှံ​တံ​ကို မ​ရို​မ​သေ​ပြု​လျှင် အ​ဘယ်​သို့​နည်း။ လှံ​တံ​ဆုံး​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နေ့၊ မိုး​အုံ့​သော​နေ့၊ တစ်​ပါး​အ​မျိုး​သား​ဖို့ ချိန်း​ချက်​သော​အ​ချိန်​နီး​ပြီ။

အ​ချိန်​စေ့​ပြီ။ နေ့​ရက်​နီး​ပြီ။ ဝယ်​သော​သူ​သည် ဝမ်း​မ​မြောက်​စေ​နှင့်။ ရောင်း​သော​သူ​သည် စိတ်​မ​သာ၊ မ​ညည်း​တွား​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သည် တည်​လျက်​ရှိ၏။

ဆုံး​ခြင်း​ဘေး​ရောက်​လာ၏။ ဆုံး​ခြင်း​ဘေး​ရောက်​လာ၏။ သင့်​ကို​စောင့်​လျက် ရောက်​လာ၏။

နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သင့်​အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ သင်​ပြု​မိ​သော​ရွံ​ရှာ​ဖွယ် အ​မှု​တို့​သည် သင်၏​အ​လယ်၌ တည်​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ပေး​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ယ​ခု​တွင် ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ထော​ပ​နာ​ပြု၏။ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော အ​ရာ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ တ​ရား​နှင့် ညီ​လျော်​ကြ၏။ မာ​န​ထောင်​လွှား​သော သူ​တို့​ကို နှိမ့်​ချ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏​ဟု အ​မိန့်​တော်​ကို အ​ရပ်​ရပ်​သို့ ပြန့်​စေ​တော်​မူ၏။

ထို​နေ့​ရက်​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​နီး​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင် ဖျက်​ဆီး​ခြင်း ဘေး​ကဲ့​သို့ ရောက်​လာ​လိမ့်​မည်။

နက်​ဖြန်​နေ့၌ သက်​သေ​ခံ​ချက် တဲ​တော်​အ​တွင်း​သို့ မော​ရှေ​ဝင်​သော​အ​ခါ၊ လေ​ဝိ​အ​မျိုး​နှင့်​ဆိုင်​သော အာ​ရုန်၏​လှံ​တံ​သည် အ​ရွက်​ထွက်​လျက်၊ ငုံ​လျက်၊ ပွင့်​လျက်၊ ဗာ​တံ​သီး​ကို​သီး​လျက် ရှိ၏။

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-

ထို​ဝိ​ညာဉ်​တော်​သည် သာ၍​များ​သော ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထောင်​လွှား​စော်​ကား​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏​ဟု လာ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ