Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 6:5

Judson Bible

ရုပ်​တု​ဆင်း​တု​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သေ​ကောင်​များ​ကို​ချ​ထား၍၊ ယဇ်​ပ​လ္လင်​တို့​ပတ်​လည်၌ သင်​တို့ အ​ရိုး​များ​ကို ငါ​ဖြန့်​ကြဲ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့၍ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ​ပြီး​မှ၊ သူ​တို့​တည်​ရာ​အ​ရပ်​များ​ကို လူ​သေ​အ​ရိုး​တို့​နှင့် ပြည့်​စေ​တော်​မူ၏။

ယော​ရှိ​မင်း​သည် လှည့်​လည်၍ ကြည့်​ရှု​လျက်၊ ထို​တောင်​ပေါ်​မှာ​ရှိ​သော သင်္ချိုင်း​ကို မြင်​သော​အ​ခါ၊ လူ​ကို​စေ​လွှတ်၍ ထို​သင်္ချိုင်း​ထဲ​က လူ​သေ​အ​ရိုး​တို့​ကို ထုတ်​ပြီး​လျှင်၊ ထို​အ​မှု​ကို အ​ထက်​က​ဖော်​ပြ​သော ဘု​ရား​သ​ခင်၏​လူ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​တိုင်း၊ အ​ရိုး​တို့​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့၍ ညစ်​ညူး​စေ​တော်​မူ၏။

သို့​ဖြစ်၍ ကြောက်​လန့်​စ​ရာ​မ​ရှိ​သော်​လည်း၊ အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင့်​ကို​ဝန်း​ရံ၍ တပ်​ချ​သော​သူ၏​အ​ရိုး​တို့​ကို ဘု​ရား​သ​ခင်​သည် ဖ​ရို​ဖ​ရဲ​ကွဲ​ပြား​စေ​တော်​မူ​မည်။ သူ​တို့​ကို ဘု​ရား​သ​ခင် ရှုတ်​ချ​တော်​မူ​သော​ကြောင့်၊ သင်​သည် သူ​တို့​ကို​အ​ရှက်​ခွဲ​ရ​လိမ့်​မည်။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ချိုင့်​ကို​တော​ဖက်​ချိုင့်​ဟူ၍ မ​ခေါ်၊ ဟိ​န္နုံ​သား၏​ချိုင့်​ဟူ၍ မ​ခေါ်၊ ကွပ်​မျက်​ရာ​ချိုင့်​ဟူ၍​ခေါ်​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တော​ဘက်၌ မြေ​လွတ်​မ​ရှိ​သည်​တိုင်​အောင် သင်္ဂြိုဟ်​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ ဤ​အ​ရပ်​သည် ငါ့​ပ​လ္လင်​တည်​ရာ အ​ရပ်၊ ငါ့​ခြေ​ဖ​ဝါး နင်း​မြဲ​အ​ရပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​စဉ်​အ​မြဲ ငါ့​နေ​ရာ​အ​ရပ် ဖြစ်၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​များ​နှင့် အ​မျိုး​သား​များ​တို့​သည် မှား​ယွင်း​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ရှင်​ဘု​ရင်၏​အ​သေ​ကောင်​အား​ဖြင့်​လည်း​ကောင်း မြင့်​ရာ​အ​ရပ်​တို့၌ ငါ၏​နာ​မ​တော်​မြတ်​ကို နောက်​တစ်​ဖန် မ​ရှုတ်​ချ​ရ​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ