Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 6:3

Judson Bible

အို ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် တောင်​ကြီး၊ တောင်​ငယ်၊ မြစ်၊ ချိုင့်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ကိုယ်​တိုင်​သင်​တို့​အ​ပေါ်​သို့ ဓား​ကို​ရောက်​စေ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ဖြို​ဖျက်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မြင့်​သော​တောင်​ရှိ​သ​မျှ​တို့ အ​ပေါ်၌​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ​တို့ အောက်၌​လည်း​ကောင်း၊ ကုန်း​များ၊ ရုပ်​တု​များ၊ အာ​ရှ​ရ​ပင်​များ​ကို တည်​ကြ၏။

ထို​သို့ ယာ​ကုပ်​အ​မျိုး​သည် ယဇ်​ပ​လ္လင်​ကျောက်​တို့​ကို ထုံး​ကျောက်​ကဲ့​သို့ ချိုး​ဖဲ့၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို လှဲ​သော​အ​ခါ၊ မိ​မိ​အ​ပြစ်​ပြေ၍၊ အ​ပြစ်​ပြေ​ရှင်း​ခြင်း အ​ကျိုး​ကျေး​ဇူး​ရှိ​သ​မျှ​ကို ခံ​ရ​လိမ့်​မည်။

များ​စွာ​သော လူ​တို့​ကို သတ်၍၊ ရဲ​တိုက်​တို့​သည် ပြို​လဲ​သော​အ​ခါ၊ မြင့်​သော​တောင်​ရှိ​သ​မျှ​နှင့် ထင်​ရှား​သော ကုန်း​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ရေ​စီး​ရာ​မြစ်​နှင့် ချောင်း​များ ရှိ​ကြ​လိမ့်​မည်။

ရှေး​ကာ​လ၌ သင်​ထမ်း​ရ​သော​ထမ်း​ပိုး၊ သင်၌​ချည်​သော နှောင်​ဖွဲ့​ခြင်း​ကို ငါ​ချိုး​ချွတ်၍ သင်​က၊ အ​ကျွန်ုပ်​သည် မ​မှား​ယွင်း​ဘဲ​နေ​ပါ​မည်​ဟု က​တိ​ထား​သော်​လည်း၊ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်၌​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း၊ ကိုယ်​ကို​ချ၍ ပြည့်​တန်​ဆာ​လုပ်​လေ၏။

အို မြေ​ကြီး၊ မြေ​ကြီး၊ မြေ​ကြီး၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။

အ​ကယ်​စင်​စစ် ကုန်း​များ​နှင့် တောင်​ရိုး​များ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​၏ ဘုရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ရာ​အ​ကြောင်း​ဖြစ်​တော်​မူ​၏။

ယော​ရှိ​မင်း​ကြီး​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဖောက်​ပြန်​သော ဣ​သ​ရေ​လ​အ​မျိုး ပြု​သော​အ​မှု​ကို သင်​မြင်​ပြီ​လော။ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်​သို့​တက်၍​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း ပြည့်​တန်​ဆာ​လုပ်​လေ​ပြီ။

အို ဣ​သ​ရေ​လ​တောင်​တို့၊ သင်​တို့​မူ​ကား၊ အ​ပင်​ပေါက်၍ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​သီး​ကို သီး​ရ​ကြ​လိမ့်​မည်။ သူ​တို့ ပြန်​လာ​ချိန်​နီး​ပြီ။

ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။

သင်​တို့​မြင့်​သော​အ​ရပ်​များ​ကို ငါ​ဖြို​ဖျက်၍၊ ရုပ်​တု​ဆင်း​တု​များ​ကို ခုတ်​လှဲ​မည်။ သင်​တို့​အ​သေ​ကောင်​များ​ကို၊ ရုပ်​တု​ဆင်း​တု အ​သေ​ကောင်​အ​ပေါ်​မှာ ပစ်​ချ၍၊ သင်​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​မည်။

ဣ​ဇာက်၏ မြင့်​ရာ​အ​ရပ်​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ ဣ​သ​ရေ​လ၏ သန့်​ရှင်း​ရာ​အ​ရပ်​တို့​သည် သုတ်​သင်​ပယ်​ရှင်း​လျက်​ရှိ​ကြ​လိမ့်​မည်။ ယေ​ရော​ဗောင်​မင်း​မျိုး​ကို​လည်း ဓား​နှင့် ငါ​တိုက်​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထ၍ တောင်​ကြီး​တို့​ရှေ့​မှာ တ​ရား​တွေ့​သ​ဖြင့်၊ တောင်​ငယ်​တို့​သည် သင့်​စ​ကား​ကို ကြား​ကြ​စေ။

အို တောင်​တို့၊ ခိုင်​ခံ့​သော​မြေ​အ​မြစ်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တွေ့​မှု​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​နှင့် တ​ရား​တွေ့​စ​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဆွေး​နွေး​ငြင်း​ခုံ​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ