Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 6:14

Judson Bible

သူ​တို့​အ​ပေါ်​မှာ ငါ​သည်​လက်​ကို​ဆန့်၍၊ ဒိ​ဗ​လတ်​မြို့​နှင့် ဆိုင်​သော လွင်​ပြင်​ထက်၊ သူ​တို့ နေ​လေ​ရာ​ရာ​ပြည်​ကို သာ၍ လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ ဖြစ်​စေ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ဒု​က္ခ​များ၌ ကျင်​လည်​သော်​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​လိမ့်​မည်။ လက်​တော်​ကို​ဆန့်​လျက်၊ ရန်​သူ​တို့၏ အ​မျက်​ဒေါ​သ​ကို​ဆီး​တား၍၊ လက်​ယာ​လက်​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။

ငါ့​ကျေး​ဇူး​ကို မ​ခံ​ရ​သော​သူ​တို့​သည်၊ ချုပ်​ထား​လျက်​ရှိ​သော သူ​တို့​အောက်​မှာ ဦး​ချ​ရ​ကြ​လိမ့်​မည်။ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့​အောက်​မှာ လဲ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို လွတ်​လပ်​စေ၍ ပယ်​ရှင်း​မှောက်​ထား​သ​ဖြင့်၊ ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​တော်​မူ၏။

သစ်​သော​စ​ပျစ်​ရည်​သည် ငြို​ငြင်​လေ၏။ စ​ပျစ်​နွယ်​ပင်​သည်​လည်း အား​လျော့​လေ၏။ စိတ်​ရွှင်​လန်း​သော​သူ​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​ကို ချီ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် မ​မြင်​မ​မှတ်​ကြ​ပါ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ လူ​တို့​အ​ဖို့ စိတ်​အား​ကြီး​တော်​မူ​ကြောင်း​ကို၊ သူ​တို့​သည် မြင်၍ အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​ကို မီး​လောင်​ရ​ပါ​လိမ့်​မည်။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​မျက်​တော်​ထွက်​လျက်၊ သူ​တို့၌​လက်​တော်​ကို​ဆန့်၍ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ တောင်​တို့​သည် တုန်​လှုပ်၍၊ သူ​တို့၏​အ​သေ​ကောင်​တို့​သည် လမ်း​များ၌ မ​စင်​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​သော်​လည်း အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ရှေ့၌​ကား ရှု​ရိ​လူ၊ နောက်၌​ကား ဖိ​လိ​တ္တိ​လူ​တို့​သည် ပါး​စပ်​ဟ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုက်​စား​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​သော လူ​ပျို​တို့​ကို အား​ရ​တော်​မ​မူ။ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​တို့​ကို သ​နား​တော်​မ​မူ။ ထို​သူ​အ​ပေါင်း​တို့​သည် အ​ဓ​မ္မ​ပြု​သော​သူ၊ ဆိုး​ညစ်​သော​သူ​ဖြစ်၍၊ မ​တ​ရား​သော​စ​ကား​ကို ပြော​တတ်​ကြ၏။ သို့​ဖြစ်၍၊ အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

မ​နာ​ရှေ​အ​မျိုး​သည် ဧ​ဖ​ရိမ်​အ​မျိုး​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး​ကို​လည်း​ကောင်း ကိုက်​စား​ကြ​လိမ့်​မည်။ ထို​နှစ်​မျိုး​တို့​သည် ယု​ဒ​အ​မျိုး​ကို တ​ညီ​တ​ညွတ်​တည်း ရန်​ပြု​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

ဤ​ပြည်​တစ်​လျှောက်​လုံး​သည် လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ဤ​လူ​မျိုး​တို့​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်။

ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊

လူ​အ​မျိုး​မျိုး​တို့​တွင် ကွဲ​ပြား​စေ၍၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ဖြန့်​ကြဲ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ ပြည်​သား​တို့​သည် အ​ထပ်​ထပ်​လွန်​ကျူး၍ ငါ့​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ မုန့်​အ​ထောက်​အ​ပင့်​ကို ချိုး​သ​ဖြင့်၊ အ​စာ​အာ​ဟာ​ရ​ကို​ခေါင်း​ပါး​စေ၍၊ ထို​ပြည်​မှ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊

သူ​တို့​သည် ငါ့​ကို အ​ထပ်​ထပ်​ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် သူ​တို့​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်​လျက် သင်၏​ရိ​က္ခာ​ကို​ဖြတ်၍၊ သင့်​ကို​မုန်း​သော​သူ၊ သင့်​ဆိုး​ညစ်​သော အ​မှု​များ​ကြောင့် ရှက်​တတ်​သော ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့ လက်​သို့​အပ်​ရ၏။

ငါ​သည် သင့်​ကို​တိုက်၍၊ လူ​အ​မျိုး​မျိုး​လု​ယူ​ဖို့​ရာ​အပ်​မည်။ လူ​နေ​ရာ​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​ထဲ​က သင့်​ကို သုတ်​သင်​ပယ်​ရှင်း​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

တစ်​ပြည်​လုံး​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ကုန်၍၊ အ​ဘယ်​သူ​မျှ မ​လျှောက်​မ​သွား​ရ​အောင်၊ ဣ​သ​ရေ​လ​တောင်​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ရ​ကြ​လိမ့်​မည်။

သင့်​ကို​အ​စဉ်​မ​ပြတ် သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သင်၏​မြို့​တို့၌ အ​ဘယ်​သူ​မျှ မ​နေ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

ငါ​သည် နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ သင့်​အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ သင်​ပြု​မိ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​သည် သင်၏​အ​လယ်၌ တည်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။

ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​ကို ငါ​တိုက်၍၊ ဤ​အ​ရပ်၌ ကျန်​ကြွင်း​သော ဗာ​လ​ဘု​ရား၏​တ​ပည့်​တို့​နှင့် ယဇ်​ပု​ရော​ဟိတ် အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊

ဒိ​ဗုန်​ဂဒ်​အ​ရပ်​မှ​ပြောင်း၍ အာ​လ​မုန်​ဒိ​ဗ​လ​သိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ