Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 6:10

Judson Bible

ထို​သို့​သော​အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်​ဟု၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​ချည်း​နှီး​မိန့်​တော်​မူ​သည် မ​ဟုတ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်၊ ဓား​ဘေး​နှင့်​လွတ်၍၊ အဲ​ဂု​တ္တု​ပြည်​မှ ယု​ဒ​ပြည်​သို့ ပြန်​ရ​သော​သူ​တို့​သည် နည်း​ကြ​လိမ့်​မည်။ ငါ့​စ​ကား​တည်​မည်၊ သူ​တို့​စ​ကား​တည်​မည်​ကို၊ အဲ​ဂု​တ္တု​ပြည်၌ တည်း​ခို​ခြင်း​ငှာ​သွား​သော ယု​ဒ​လူ အ​ကျန်​အ​ကြွင်း​တို့​သည် သိ​ကြ​လိမ့်​မည်။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​ပြော​လျှင်၊ ပြော​သည်​အ​တိုင်း ပြည့်​စုံ​လိမ့်​မည်။ ပြည့်​စုံ​ချိန်​လည်း မ​ရွေ့​ရ။ အ​ချင်း​ပုန်​ကန်​တတ်​သော​အ​မျိုး၊ သင်​တို့​လက်​ထက်၌ ငါ​ပြော​မည်။ ပြော​သည်​အ​တိုင်း​လည်း ပြည့်​စုံ​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘုရား မိန့်​တော်​မူ​၏။

သင့်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ သင်၏​နှ​လုံး​သည် ခိုင်​ခံ့​နိုင်​သ​လော။ သင်၏​လက်​သည်​လည်း အား​ကြီး​နိုင်​သ​လော။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​မည်။

ထို​သို့ ငါ့​အ​မျက်​အ​လို ပြည့်​စုံ​လိမ့်​မည်။ ငါ့​ဒေါ​သ​အ​ရှိန်​ကို သူ​တို့​အ​ပေါ်​မှာ တည်​စေ​ပြီး​မှ၊ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​အ​လို​ကို ပြည့်​စုံ​စေ​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​အား​ကြီး၍ မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​ဆိုး​တို့​ကြောင့်၊ အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား​ဟု​ဆို​လျက်၊ လက်​ခုပ်​တီး​လော့။ ခြေ​နှင့်​ဆောင့်​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ​ဘေး​တို့​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။

သင်​တို့​အ​လယ်၌ သူ​ရဲ​တို့​သည် လဲ၍​သေ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ငါ့​ကို​စွန့်​ပစ်၍ မှား​ယွင်း​တတ်​သော နှ​လုံး​ကို​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​နှင့် မှား​ယွင်း​လို​သ​ဖြင့် လိုက်၍​ကြည့်​သော မျက်​စိ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ဖျက်​သော​အ​ခါ၊ လွတ်​သော​သူ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ အ​ပြည်​ပြည်​တို့၌ ငါ့​ကို​အောက်​မေ့​ကြ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။

ငါ၏ ကျွန်​ပ​ရော​ဖက်​တို့၌ ငါ​မှာ​ထား​သော ငါ၏​ပ​ညတ်​စ​ကား​တို့​သည် သင်​တို့ ဘိုး​ဘေး​များ​ကို​မီ​ကြ​ပြီ မ​ဟုတ်​လော။ သူ​တို့​သည် သ​တိ​ရ၍ ငါ​တို့​ကျင့်​ကြံ​ပြု​မူ​သည်​နှင့်​အ​လျောက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ စီ​ရင်​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ