Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 5:5

Judson Bible

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပုံ​သည် ယေ​ရု​ရှ​လင်​မြို့​ဖြစ်၏။ ပတ်​လည်၌​ရှိ​သော တိုင်း​ပြည်​များ​တို့​အ​လယ်​မှာ ထို​မြို့​ကို ငါ​ထား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အို​ဘု​ရား​သ​ခင်၏ မြို့​တော်၊ သင်​သည် ဘုန်း​အ​သ​ရေ​ကြီး​လိမ့်​မည်​ဟူ​သော စ​ကား​ကို ပြော​ထား​လျက်​ရှိ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သစ်​ပင်​တို့​ကို ခုတ်​လှဲ​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ မြေ​ရိုး​ကို​ဖို့​ကြ​လော့။ ဤ​မြို့​သည် ဆုံး​မ​စ​ရာ​ကောင်း​သော​မြို့ ဖြစ်၏။ မြို့​ထဲ၌ ညှဉ်း​ဆဲ​ခြင်း​သက်​သက် ရှိ၏။

စည်​ပင်​ခဲ့​သော​မြို့​သည် လူ​ဆိတ်​ညံ​လျက် ထိုင်​လေ​သည်​တ​ကား၊ လူ​မျိုး​တို့​တွင် ကြီး​မြတ်​ဖူး​သော သ​တို့​သ​မီး​သည် မု​ဆိုး​မ​ကဲ့​သို့​ဖြစ်၏။ အ​ပြည်​ပြည်​တို့၏​သ​ခင်​မ​သည် အ​ခွန်​ပေး​ရ၏။

ငါ​သည် ကိုယ်​အ​သ​ရေ​ကို သင်၌ အပ်​ပေး​သော​ကြောင့်၊ သင်​သည် လှ​သော​အ​ဆင်း​နှင့် စုံ​လင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ ကျော်​စော​လေ၏။

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ အုတ်​ပြား​ကို​ယူ၍ သင့်​ရှေ့​မှာ ထား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​ပုံ​ကို ရေး​လော့။

ထို​အ​နည်း​ငယ်​အ​ချို့​ကို​လည်း ယူ​ပြန်၍ မီး​ရှို့​လော့။ ထို​မီး​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နှံ့​ပြား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ကျန်​ကြွင်း​သော ယာ​ကုပ်​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား အ​များ​တို့​တွင်​နေ၍၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော နှင်း​ကဲ့​သို့​လည်း​ကောင်း၊ လူ​ကို​မ​ငံ့​လင့်၊ လူ​သား​တို့၏ အ​လို​သို့​မ​လိုက်​သော မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

သင်​တို့​သည် ဤ​လော​က၏ အ​လင်း​ဖြစ်​ကြ၏။ တောင်​ထိပ်၌​တည်​သော​မြို့​ကို မ​ကွယ်​နိုင်။-

ထို​သူ​တို့​နောက်၌ လိုက်​သော​ဓ​မ္မ​ကျောက်​မှ ထွက်​သော​ရေ​ကို သောက်​ကြ၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ဖြစ်​သ​တည်း။-

သို့​ဖြစ်၍ ထို​ပ​ညတ်​တ​ရား​တို့​ကို ကျင့်​စောင့်​ကြ​လော့။ သို့​ပြု​လျှင်၊ ထို​ပ​ညတ်​တ​ရား​ရှိ​သ​မျှ​တို့​ကို ကြား​ရ​သော​လူ​မျိုး​များ​ရှေ့​မှာ၊ သင်​တို့၏​ဉာဏ်​ပ​ညာ​သည် ထင်​ရှား​လိမ့်​မည်။ သူ​တို့​က​လည်း၊ ဤ​ကြီး​မြတ်​သော​လူ​မျိုး​သည် အ​ကယ်​စင်​စစ် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​အ​မျိုး​ဖြစ်၏​ဟု ဆို​ကြ​လိမ့်​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​များ​ကဲ့​သို့၊ ထို​နည်း​တူ သင်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ