Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 48:14

Judson Bible

ထို​မြေ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​သော​ကြောင့်၊ လေ​ဝိ​လူ​တို့​သည် မြေ​ကို မ​ရောင်း​ရ။ အ​ဦး​သီး​သော အ​သီး​ကို အ​ခြား​သော​ဥ​စ္စာ​နှင့် မ​ဖယ်​လှယ်​ရ။ အ​ဖိုး​နှင့် မ​ရောင်း​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ဦး​မှည့်​သော​အ​သီး၊ အ​ဦး​ညှစ်​သော​အ​ရည်​ကို မ​ထိမ်​မ​ဝှက်​ဘဲ ဆက်​ကပ်​ရ​မည်။ အ​ဦး​ဖွား​သော သား​ယောက်ျား​ကို​လည်း ငါ့​အား​ဆက်​ကပ်​ရ​မည်။

သင်၏​မြေ၌ အ​ဦး​သီး​သော​အ​သီး​အ​နှံ အ​ကောင်း​ဆုံး​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။

လေ​ဝိ​လူ​နေ​ရာ မြေ​အ​နား​မှာ ထို​သို့​ပူ​ဇော်​သော​မြေ​သည် ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ အ​လွန်​သန့်​ရှင်း​သော​မြေ ဖြစ်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ် မြေ​အ​နား​မှာ​လေ​ဝိ​လူ​နေ​ရာ မြေ​ကွက်​သည် အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် အ​ဦး​သီး​သော​အ​သီး​မုန့်​နှင့်​တ​ကွ ချီ​လွှဲ​သ​ဖြင့်၊ သိုး​သ​ငယ်​နှစ်​ကောင်​ပါ​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ ထို​အ​ရာ​တို့​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ သန့်​ရှင်း​သော အ​ရာ​ဖြစ်​သ​တည်း။

သို့​ရာ​တွင် လေ​ဝိ​သား​ပိုင်​သော​မြို့​နှင့် မြို့​အိမ်​တို့​ကို၊ အ​ဘယ်​ကာ​လ​အ​ချိန်​မ​ဆို​ဘဲ ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ၏။

သို့​ဆို​သော်​လည်း၊ လေ​ဝိ​သား​မြို့​နယ်၌​ရှိ​သော လယ်​ယာ​တို့​ကို​မ​ရောင်း​ရ။ အ​စဉ်​အ​မြဲ​ပိုင်​ရ​မည်။

သို့​ရာ​တွင်​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ ကိုယ်​ပိုင်​ရင်း​လယ်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အား​ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​ကို မ​ရောင်း​မ​ရွေး​ရ။ ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​ရ​မည်။

ထို​မျှ​မ​က ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​တော် အ​စ​အ​ဦး​ကို ခံ​ပြီး​သော ငါ​တို့​သည်​လည်း၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော ကိုယ်​ခ​န္ဓာ ရွေး​နုတ်​ခြင်း​ချမ်း​သာ​ကို မျှော်​လင့်၍၊ စိတ်​နှ​လုံး​အ​ထဲ၌ ညည်း​တွား​လျက်​နေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ