Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 47:1

Judson Bible

ထို​နောက်​မှ အိမ်​တော်​တံ​ခါး​သို့ တစ်​ဖန်​ငါ့​ကို​ဆောင်​ခဲ့၍၊ တံ​ခါး​ခုံ​အောက်​မှာ အ​ရှေ့​ဘက်​သို့​ထွက်​သော ရေ​ကို​ငါ​မြင်၏။ အိမ်​တော်​ဦး​သည် အ​ရှေ့​သို့​မျက်​နှာ​ပြု၍၊ ရေ​သည် အိမ်​တော်​တံ​ခါး​ခုံ​လက်​ယာ​အောက်၊ ယဇ်​ပ​လ္လင်​တော် တောင်​ဘက်​မှ စီး​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

မြစ်​တစ်​မြစ်​ရှိ​သေး၏။ ထို​မြစ်​ရေ​သည်​စီး၍ ဘု​ရား​သ​ခင်၏ မြို့​တည်း​ဟူ​သော အ​မြင့်​ဆုံး​သော​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​ရာ သန့်​ရှင်း​သော​မြို့​တော်​ကို ရွှင်​လန်း​စေ​တတ်၏။

ထို​မြို့​သည် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဖြစ်၍ တုန်​လှုပ်​ခြင်း​မ​ရှိ​ရာ။ မိုး​သောက်​လင်း​စ၌ ဘု​ရား​သ​ခင် ကူ​မ​တော်​မူ​လိမ့်​မည်။

သီ​ချင်း​သည်​နှင့် ပွဲ​သ​ဘင်​ခံ​သော​သူ​အ​စ​ရှိ​သော ငါ၏​ပျော်​မွေ့​ခြင်း​အ​ကြောင်း​ရှိ​သ​မျှ​တို့​သည် သင်၌​ရှိ​ကြ​သ​တည်း။

များ​ပြား​သော​သူ​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့​လိုက်​သွား​ကြ​မည်​ဟု ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။

များ​စွာ​သော လူ​တို့​ကို သတ်၍၊ ရဲ​တိုက်​တို့​သည် ပြို​လဲ​သော​အ​ခါ၊ မြင့်​သော​တောင်​ရှိ​သ​မျှ​နှင့် ထင်​ရှား​သော ကုန်း​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ရေ​စီး​ရာ​မြစ်​နှင့် ချောင်း​များ ရှိ​ကြ​လိမ့်​မည်။

အို ရေ​ငတ်​သော​သူ အ​ပေါင်း​တို့၊ ရေ​ရှိ​ရာ​သို့ လာ​ကြ​လော့။ ငွေ​မ​ရှိ​သော​သူ​တို့၊ လာ​ကြ။ ဝယ်၍ စား​သောက်​ကြ​လော့။ ငွေ​မ​ပါ​ဘဲ၊ အ​ဖိုး​ကို​မ​ပေး​ဘဲ​လာ၍ စ​ပျစ်​ရည်​နှင့် နို့​ကို ဝယ်​ကြ​လော့။

ငါ၏​လူ​တို့​သည် အ​သက်​စမ်း​ရေ​တွင်း​တည်း​ဟူ​သော၊ ငါ့​ကို​စွန့်​ပစ်၍၊ ရေ​မ​လုံ၊ ပဲ့​ပျက်​သော​ရေ​ကျင်း​တို့​ကို တူး​သော​အား​ဖြင့် ဒု​စ​ရိုက်​နှစ်​ပါး​ကို ပြု​ကြ​ပြီ။

ထို​နောက်၊ အ​ရှေ့​တံ​ခါး​သို့​သွား၍ လှေ​ကား​ကို တက်​ပြီး​မှ၊ တံ​ခါး​ထုပ်​နှင့် တံ​ခါး​ခုံ​ကို​တိုင်း၍ အ​နံ ကျူ​တစ်​ပြန်​စီ​ရှိ၏။

ဗိ​မာန်​တော်​တံ​ခါး​ဝ​အ​ကျယ်​ကား ဆယ်​တောင်​ရှိ၏။ တံ​ခါး​ဝ​တစ်​ဖက်​နှင့် တစ်​ဖက်​လည်း ငါး​တောင်​စီ​ကျယ်၏။ ဗိ​မာန်​တော်​ကို​တိုင်း၍၊ အ​လျား​ကား အ​တောင်​လေး​ဆယ်၊ အ​နံ​ကား အ​တောင်​နှစ်​ဆယ်​ရှိ၏။

ဤ​အ​ရပ်​တို့​ကား အိမ်​တော်​အ​မှု​စောင့်​တို့​သည် လူ​များ​ပူ​ဇော်​သော​ယဇ်​ကောင်​တို့​ကို ပြုတ်​ရ​သော​အ​ရပ်​ဖြစ်​ကြ​သည်​ဟု ငါ့​အား​ပြော​ဆို၏။

မြစ်​ကမ်း​နား​နှစ်​ဖက်၌ စား​စ​ရာ​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ အ​ရွက်​လည်း မ​ညှိုး​မ​နွမ်း​ရ။ အ​သီး​လည်း မ​ပြတ်​ရ။ လ​တိုင်း​အ​စဉ် နု​သော​အ​သီး​ကို သီး​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က​ထွက်​သ​တည်း။ အ​သီး​သည် စား​စ​ရာ​ဖို့​ဖြစ်၏။ အ​ရွက်​သည် အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။

တစ်​ဖန် မြောက်​တံ​ခါး​လမ်း​ဖြင့် ငါ့​ကို​ထုတ်၍ ပြင်၌​ဝိုင်း​သွား​လျက်၊ အ​ရှေ့​သို့​မျက်​နှာ​ပြု​သော ပြင်​တံ​ခါး​လမ်း​ဝ​သို့ ရောက်​သော​အ​ခါ၊ လက်​ယာ​ဘက်​မှ​စီး​သော ရေ​ကို​ငါ​မြင်၏။

ထို​ကာ​လ၌ ချို​သော စ​ပျစ်​ရည်​သည် တောင်​တို့​မှ ယို​လိမ့်​မည်။ နို့​ရည်​သည် ကုန်း​တို့​မှ ထွက်​လိမ့်​မည်။ ယု​ဒ​မြစ်​ရှိ​သ​မျှ​တို့​သည် ရေ​စီး​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​က စမ်း​ရေ​ထွက်၍ ရှိ​တ္တိမ်​ချိုင့်​ကို စို​စေ​လိမ့်​မည်။

ထို​ကာ​လ၌ ဒါ​ဝိဒ်​မင်း​မျိုး​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဒု​စ​ရိုက်​အ​ပြစ် အ​ညစ်​အ​ကြေး​ကို ဆေး​ကြော​စ​ရာ​ဖို့ စမ်း​ရေ​တွင်း​သည် ပွင့်​လျက်​ရှိ​လိမ့်​မည်။

ထို​နေ့​ရက်၌ ခြေ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ အ​ရှေ့၊ သံ​လွင်​တောင်​ပေါ်​မှာ​ရပ်၍၊ သံ​လွင်​တောင်​သည် အ​ရှေ့​ဘက်​မှ အ​နောက်​ဘက်​တိုင်​အောင် အ​လယ်၌​ကွဲ​သ​ဖြင့်၊ အ​လွန်​ကြီး​သော​ချိုင့်​ဖြစ်​လိမ့်​မည်။ တောင်​တစ်​ဝက်​သည် မြောက်​ဘက်​သို့​လည်း​ကောင်း၊ တစ်​ဝက်​သည် တောင်​ဘက်​သို့​လည်း​ကောင်း ရွှေ့​ရ​လိမ့်​မည်။

ထို​နေ့​ရက်၌ အ​သက်​ရေ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်၍၊ နွေ​ကာ​လ​ဖြစ်​စေ၊ ဆောင်း​ကာ​လ​ဖြစ်​စေ၊ အ​ရှေ့​ပင်​လယ်​သို့ တစ်​ဝက်၊ အ​နောက်​ပင်​လယ်​သို့ တစ်​ဝက် စီး​သွား​လိမ့်​မည်။

တစ်​ဖန်၊ ကျောက်​သ​လင်း​ကဲ့​သို့ ကြည်​လင်၍၊ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ထဲ​က ထွက်​သော၊ အ​သက်​ရေ​စီး​ရာ​မြစ်​ကို ကောင်း​ကင်​တ​မန်​သည် ငါ့​အား​ပြ​လေ၏။-

ဝိ​ညာဉ်​တော်​နှင့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က လာ​ခဲ့​ပါ​ဟု ဆို​ကြ၏။ ကြား​သော​သူ​က​လည်း၊ လာ​ခဲ့​ပါ​ဟု​ဆို​ပါ​စေ၊ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​ဖိုး​ကို​မ​ပေး​ဘဲ အ​သက်​ရေ​ကို ယူ​ပါ​စေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ