အရင်လူသည် ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြားသည်ကား၊
ထိုအရပ်၌ ငါသည်သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါးစပ်ကြားမှာ သင်နှင့်နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။
ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရားရှေ့တော်၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ်မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။
မြို့၌ အုတ်အုတ်ကျက်ကျက်သောအသံ၊ ဗိမာန်တော်ထဲက ထွက်သောအသံ၊ ရန်သူတို့အား အကျိုးအပြစ်ကို ပေးတော်မူသော ထာဝရဘုရား၏ စကားသံပေတည်း။
သူတို့၏ခေါင်းများအထက်၊ မိုးမျက်နှာကြက်အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင်ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဌာန်အပေါ်၌လည်း လူပုံသဏ္ဌာန်ကဲ့သို့ပေါ်၏။
ထိုအရပ်သို့ ငါ့ကို ဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့အဆင်းအရောင်ရှိသော လူတစ်ဦးသည် တိုင်းစရာကျူလုံးနှင့် ချည်ကြိုးကို ကိုင်လျက် မြို့တံခါးဝမှာ ရပ်နေ၏။
ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာတဲတော်ထဲက အသံကိုလွှင့်လျက် မောရှေကိုခေါ်တော်မူ၍၊
ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော်ဖလား ခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။-