Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 42:20

Judson Bible

လေး​မျက်​နှာ​ကို​တိုင်း၍ ပတ်​လည်၌​ရှိ​သော တံ​တိုင်း​သည် သန့်​ရှင်း​သော​အ​ရပ်၊ မ​သန့်​ရှင်း​သော​အ​ရပ်​တို့​ကို ပိုင်း​ခြား​လျက်၊ အ​လျား အ​ပြန်​ငါး​ရာ၊ အ​နံ​လည်း အ​ပြန်​ငါး​ရာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ငါ​ချစ်​ရာ သ​ခင်​သည် သ​မင်​ဒ​ရယ်​သ​ငယ်​နှင့် တူ၏။ ကြည့်​ပါ။ အုတ်​ရိုး​ပြင်​မှာ ရပ်​တော်​မူ၏။ ပြတင်း​ပေါက်​ဝ​တွင် ကြည့်​လျက်၊ ပြတင်း​ရွက်​ကြား​မှာ ကိုယ်​ကို​ပြ​လျက်​နေ​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မြှောက်​စား​ပါ​မည်။ နာ​မ​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ ရှေး​အ​ကြံ​တော်​တို့​သည် မ​ရွေ့၊ သ​စ္စာ​နှင့် မြဲ​မြံ​ကြ​ပါ၏။

ထို​ကာ​လ၌ ယု​ဒ​ပြည်​မှာ သီ​ချင်း​ဆို​လ​တ္တံ့​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့၌ ခိုင်​ခံ့​သော​မြို့​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြ​အိုး၊ ရင်​တား​အ​ရာ၌ စီ​ရင်​ခန့်​ထား​တော်​မူ​လိမ့်​မည်။

သင်၏​ပြည်၌ အ​နိုင်​အ​ထက်​ပြု​ခြင်း​အ​သံ​ကို နောက်​တစ်​ဖန် မ​ကြား​ရ။ သင်၏​နယ်​အ​တွင်း​တွင် လု​ယူ ဖျက်​ဆီး​ခြင်း​မ​ရှိ​ရ။ သင်၏​မြို့​ရိုး​ကို ကယ်​တင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ မြို့​တံ​ခါး​တို့​ကို ချီး​မွမ်း​ခြင်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ရ​လိမ့်​မည်။

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ငါ၏​တ​ရား​ကို​ဖျက်၍၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း ညစ်​ညူး​စေ​ကြ၏။ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ပိုင်း​ခြား၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​အ​ရာ​တို့​ကို ရော​နှော​ကြ၏။ ငါ၏​ဥ​ပုသ်​နေ့​တို့​မှ​လည်း မျက်​နှာ​လွှဲ​ကြ၏။ သူ​တို့​အ​လယ်၌ ငါ​သည် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ၏။

အိမ်​တော်​ပြင်​ပတ်​လည်၌ တံ​တိုင်း​ရှိ၏။ ထို​သူ​သည် သံ​တောင်​အား​ဖြင့် အ​ရှည်​ခြောက်​တောင်​ရှိ​သော ကျူ​လုံး​ကို ကိုင်​လျက်၊ ထို​တံ​တိုင်း​ကို​တိုင်း၍ အ​ထု​ကျူ​တစ်​ပြန်၊ အ​မြင့်​လည်း ကျူ​တစ်​ပြန်​ရှိ၏။

အ​နောက်​မျက်​နှာ​ကို​တိုင်း​လျှင်​လည်း ကျူ​လုံး အ​ပြန်​ငါး​ရာ​ရှိ၏။

တောင်​ထိပ်​ပေါ်​မှာ​တည်​သော အိမ်​တော်၏​တ​ရား​ဟူ​မူ​ကား၊ အိမ်​တော်​နယ်​နိ​မိတ်​ရှိ​သ​မျှ​တို့​သည် အ​လွန်​သန့်​ရှင်း​ရ​ကြ​မည်။ ဤ​ရွေ့​ကား၊ အိမ်​တော်၏​တ​ရား​ပေ​တည်း။

ငါ၏​လူ​တို့​သည် သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ် သော​အ​ရာ​တို့​ကို​လည်း​ကောင်း ပိုင်း​ခြား၍​သိ​စေ​ခြင်း​ငှာ သွန်​သင်​ရ​ကြ​မည်။

ထို​မြေ​ကွက်​အ​လယ်၌ အ​လျား​အ​တောင်​ငါး​ရာ၊ အ​နံ​လည်း အ​တောင်​ငါး​ရာ​ရှိ​သော စ​တု​ရန်း​အ​ကွက်​သည် သန့်​ရှင်း​ရာ​ဌာ​န​ဖို့ ဖြစ်​ရ​မည်။ ထို​အ​ကွက်​ပတ်​လည်၌ သန့်​ရှင်း​သော​နယ်​လည်း အ​တောင်​ငါး​ဆယ် ရှိ​ရ​မည်။

နှစ်​သောင်း​ငါး​ထောင်​အ​နား​မှာ ကြွင်း​သေး​သော မြေ​ငါး​ထောင်​သည် လူ​နေ​ရာ​မြို့​နှင့် မြို့​နယ်​တည်​စ​ရာ​ဖို့​ဖြစ်၍၊ ထို​မြေ​အ​လယ်၌ မြို့​တည်​ရ​မည်။

ပူ​ဇော်​သော မြေ​ကွက်​ပေါင်း​ကား၊ အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ နှစ်​သောင်း​ငါး​ထောင်​ကျယ်၍၊ မြို့​နယ်​ပါ​လျက် သန့်​ရှင်း​သော ထို​စ​တု​ရန်း​မြေ​ကို ပူ​ဇော်​ရ​မည်။

သင်၏​မြို့​ရိုး​တည်​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ အ​မိန့်​တော်​အ​ရှိန် ကုန်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြို့​ကို​ကာ​သော မီး​မြို့​ရိုး​ဖြစ်​မည်။ မြို့​အ​လယ်၌​လည်း ငါ​သည် မြို့၏​ဘုန်း​အ​သ​ရေ​ဖြစ်​မည်။

ထို​မှ​တစ်​ပါး၊ ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၌ အ​လွန်​နက်​လှ​သော ချောက်​ကြီး တည်​လျက်​ရှိ၏။ ထို​ကြောင့် ဤ​အ​ရပ်​မှ​သင်​တို့​ရှိ​ရာ​သို့ ကူး​ချင်​သော​သူ မ​ကူး​နိုင်။ ထို​အ​ရပ်​မှ ငါ​တို့​ရှိ​ရာ​သို့ ကူး​ချင်​သော​သူ​လည်း မ​ကူး​နိုင်​ဟု ဆို၏။-

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြန်​သည်​ကား၊ သင်​တို့​သည် ထို​သူ​တို့​အ​ထဲ​မှ​ထွက်၍ အ​သီး​အ​ခြား နေ​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​ကို ငါ​သည် လက်​ခံ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ