ထိုအခန်းတို့သည် မြောက်တံခါးအထိ၊ အလျား အတောင်တစ်ရာ၊ အနံ အတောင်ငါးဆယ်ရှိကြ၏။
ထိုသို့ အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တံတိုင်းပါလျက် အလျား အတောင်တစ်ရာရှိ၏။
အတောင်နှစ်ဆယ်ရှိသော အတွင်းတံတိုင်းရှေ့၊ ပြင်တံတိုင်း ကျောက်ခင်းရှေ့တွင် တစ်ဖက်တစ်ချက်၌ နံရံအခန်း သုံးဆင့်ရှိ၏။