ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်း သုံးဆယ်သုံးလီရှိကြ၏။ ထိုအခန်းတို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲ ထရံအောက်ပိုင်းထွက်သောခြေအပေါ်မှာ မှီနေကြ၏။
ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ၏။ အာရဇ်ရက်မတို့သည် အိမ်တော်ကိုမှီလျက် ရှိကြ၏။
ထိုနောက်၊ ငါ့ကို ပြင်တံတိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ်ရှိ၏။
ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထုခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့သည် အနံ လေးတောင်စီရှိ၏။
အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတံတိုင်းကဲ့သို့ တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက် သာ၍ကျဉ်းကြ၏။