ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီတည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။
အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော်အဖို့ အလျားအနံ အတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တစ်ပိုင်းကိုအခန်းကာ၍ ကြမ်းနှင့် ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။
ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကိုလည်းကောင်း၊ အာရဇ်သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကိုလည်းကောင်း၊ ရွှေစင်နှင့်မွမ်းမံလေ၏။
အိမ်တော်ပြင်ထရံနှင့် ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။
ရွှေစင်ဖြင့်ပြီးသောခွက်များ၊ မီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အလွန်သန့်ရှင်းရာဌာနတော် အတွင်းခန်းတံခါးနှင့် ဗိမာန်တော်ပြင်ခန်းတံခါး ဆွဲထားသော ရွှေပတ္တာများတို့ကိုလုပ်လေ၏။
ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာ ဌာနတည်းဟူသော ဗျာဒိတ်ဌာနတော်ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ၏။
အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက်ထောင်နှင့် မွမ်းမံလေ၏။
ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့ သွင်း၍ အလွန်သန့်ရှင်းရာ ဌာနတည်းဟူသော ဗျာဒိတ်ဌာနတော်ထဲမှာ၊ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ၏။
ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန၌ တံခါးပေါက် တစ်ပေါက်စီရှိ၍၊
မြို့သည် စတုရန်း လေးထောင့်ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့် မြို့ကိုတိုင်း၍ မြို့၏ အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်ဆယ်စီ ရှိ၏။-