ဗိမာန်တော်ထရံ၌ထုသကဲ့သို့ တံခါးရွက်တို့၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထုလျက်ရှိ၏။ မုခ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ၏။
တိုင်များ၊ ထုပ်ကြီးများနှင့်ပြည့်စုံ၍ အလျားအတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်းလုပ်လေ၏။
အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုခ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက်များရှိ၏။ တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
အတွင်းဗိမာန်နှင့် တံတိုင်းမုခ်များ၊ တံခါးခုံများ၊ ကျဉ်းသောပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တစ်ဖက်တစ်ချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့် ဖုံးအုပ်လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တစ်ခုစီရှိ၏။ ခေရုဗိမ်တစ်ခု၌ မျက်နှာနှစ်ခုစီပါလျက်၊