ထိုနောက်မှ အိမ်တော်တံခါးသို့ တစ်ဖန်ငါ့ကိုဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အိမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည် အိမ်တော်တံခါးခုံလက်ယာအောက်၊ ယဇ်ပလ္လင်တော် တောင်ဘက်မှ စီးသွားလေ၏။