Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 41:13

Judson Bible

ထို​သို့ အိမ်​တော်​ကို​တိုင်း၍ လွတ်​လပ်​သော​အ​ရပ်၊ အိမ်​တော်​ထ​ရံ၊ တံ​တိုင်း​ပါ​လျက် အ​လျား အ​တောင်​တစ်​ရာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ တံ​တိုင်း​ကို​တိုင်း၍ အ​လျား အ​တောင်​တစ်​ရာ၊ အ​နံ အ​တောင်​တစ်​ရာ စ​တု​ရန်း​ရှိ၏။ ယဇ်​ပ​လ္လင်​သည် အိမ်​တော်​ရှေ့​မှာ တည်၏။

လွတ်​လပ်​သော အ​ရပ်​ကို​ပိတ်၍ အ​နောက်​ဘက်၌​ရှိ​သော တံ​တိုင်း​သည် အ​လျား အ​တောင်​ခု​နစ်​ဆယ်​ရှိ၍၊ အိမ်​တော်​ပတ်​လည် တံ​တိုင်း​သည်​လည်း အ​ထု​ငါး​တောင်၊ အ​လျား​အ​တောင်​ကိုး​ဆယ်​ရှိ၏။

အ​ရှေ့​မျက်​နှာ၌ လွတ်​လပ်​သော​အ​ရပ်​ပါ​လျက်၊ အိမ်​တော်​ဦး​အ​တိုင်း​အ​ရှည်​လည်း အ​တောင်​တစ်​ရာ​ရှိ၏။

လွတ်​လပ်​သော​အ​ရပ်၌ ကာ​သော​ရှေ့​တံ​တိုင်း​နှင့် နောက်​တံ​တိုင်း​ကို တိုင်း၍၊ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော ထ​ရံ​အ​ခန်း​ပါ​လျက် အ​လျား​အ​တောင်​တစ်​ရာ​ရှိ၏။

ထို​နောက်​မှ မြောက်​လမ်း​ဖြင့် ပြင်​တံ​တိုင်း​ထဲ​သို့ ခေါ်​သွား၍၊ အိမ်​တော်​မြောက်​ဘက်၊ လွတ်​လပ်​သော အ​ရပ်​ရှေ့​မှာ​ရှိ​သော အ​ခန်း​များ​ကို ပြ​လေ၏။

အိမ်​တော်​တောင်​ဘက်၊ လွတ်​လပ်​သော​အ​ရပ်​ကို​ကာ​သော တံ​တိုင်း​နံ​ရံ၌​လည်း အ​ခန်း​များ​ရှိ​ကြ၏။

ထို​အ​ခန်း​တို့​သည် မြောက်​တံ​ခါး​အ​ထိ၊ အ​လျား အ​တောင်​တစ်​ရာ၊ အ​နံ အ​တောင်​ငါး​ဆယ်​ရှိ​ကြ၏။

ပြင်​တံ​တိုင်း​နှင့် ဆိုင်​သော​အ​ခန်း​တို့​သည် အ​လျား အ​တောင်​ငါး​ဆယ်​ရှိ​ကြ၏။ ဗိ​မာန်​တော်​ရှေ့​မှာ အ​လျား​သည် အ​တောင်​တစ်​ရာ ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ