Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 41:1

Judson Bible

ထို​နောက်​မှ ဗိ​မာန်​တော်သို့​ခေါ်၍ တံ​ခါး​တိုင်​တို့​ကို​တိုင်း​လျှင်၊ နှစ်​ဖက်၌ တံ​ခါး​တိုင်​ထု​သည် ဗိ​မာန်​တော်​ထု​နှင့်​အ​မျှ ခြောက်​တောင်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော သ​က္က​ရာဇ်​လေး​ရာ​ရှစ်​ဆယ်​ပြည့်၊ ရှော​လ​မုန်​မင်း နန်း​စံ​လေး​နှစ်၊ ဇိ​ဖ​အ​မည်​ရှိ​သော ဒု​တိ​ယ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​စ​ပြု​တော်​မူ၏။

ထို​အိမ်​တော်​အ​လျား​သည် အ​တောင်​ခြောက်​ဆယ်၊ အ​နံ အ​တောင်​နှစ်​ဆယ်၊ အ​မြင့် အ​တောင်​သုံး​ဆယ်​ရှိ၏။

ထို​နောက်၊ ငါ့​ကို ပြင်​တံ​တိုင်း​ထဲ​သို့ သွင်း၍ အ​ခန်း​များ​ကို ငါ​မြင်၏။ ကျောက်​ခင်း​လည်း​ရှိ၏။ ကျောက်​ခင်း​အ​ပေါ်​မှာ အ​ခန်း​သုံး​ဆယ်​ရှိ၏။

တံ​ခါး​မုခ်​ကို​လည်း တိုင်း၍ အ​လျား​ရှစ်​တောင်​ရှိ၏။ မုခ်​တိုင်​အ​မြင့် နှစ်​တောင်​စီ​ရှိ၏။ တံ​ခါး​မုခ်​သည် တံ​ခါး​အ​တွင်း​ဘက်၌ ရှိ​သ​တည်း။

ဗိ​မာန်​တော်​တိုင်​တို့​သည် လေး​ထောင့်​ဖြစ်​ကြ၏။ သန့်​ရှင်း​ရာ​ဌာ​န​နှင့် မျက်​နှာ​ချင်း​တူ​ကြ၏။

ဗိ​မာန်​တော်​နှင့် သန့်​ရှင်း​ရာ​ဌာ​န၌ တံ​ခါး​ပေါက် တစ်​ပေါက်​စီ​ရှိ၍၊

ထို​နောက်၊ အ​ထဲ​သို့​ဝင်၍ အ​ရာ​ရာ​တို့​ကို​တိုင်း​လျှင်၊ တံ​ခါး​တိုင် နှစ်​တောင်၊ တံ​ခါး​ဝ​ခြောက်​တောင်၊ တံ​ခါး​ဝ တစ်​ဖက်​တစ်​ချက် ခု​နစ်​တောင်​စီ​ရှိ၏။

ထို​နောက်​မှ မြောက်​လမ်း​ဖြင့် ပြင်​တံ​တိုင်း​ထဲ​သို့ ခေါ်​သွား၍၊ အိမ်​တော်​မြောက်​ဘက်၊ လွတ်​လပ်​သော အ​ရပ်​ရှေ့​မှာ​ရှိ​သော အ​ခန်း​များ​ကို ပြ​လေ၏။

အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။-

ငါ​နှင့်​စ​ကား​ပြော​သော​သူ​သည်၊ မြို့​ကို​လည်း​ကောင်း၊ တံ​ခါး​တို့​ကို​လည်း​ကောင်း၊ မြို့​ရိုး​ကို​လည်း​ကောင်း တိုင်း​ခြင်း​ငှာ၊ တိုင်း​စ​ရာ ရွှေ​ကျူ​လုံး​ပါ၏။-

ကောင်း​ကင်​မှ​ကြီး​သော အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​မည်။ သူ​တို့​သည် ကိုယ်​တော်၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် သူ​တို့​နှင့်​အ​တူ​ရှိ​နေ၍ သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​မည်။-

အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​ကို ငါ​သည် ငါ၏​ဘု​ရား​သ​ခင့်​ဗိ​မာန်​တော်၌ တိုင်​ဖြစ်​စေ​မည်။ နောက်​တစ်​ဖန် သူ​သည် ပြင်​သို့​မ​ရွေ့​ရ။ ငါ၏ ဘု​ရား​သ​ခင့် နာ​မ​တော်​ကို​လည်း​ကောင်း၊ ငါ၏​ဘု​ရား​သ​ခင့်​အ​ထံ​တော် မှ​ထွက်၍၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော ယေ​ရှု​ရှ​လင်​မြို့​သစ်​တည်း​ဟူ​သော၊ ငါ၏​ဘု​ရား​သ​ခင့်​မြို့​တော်၏ နာ​မ​ကို​လည်း​ကောင်း၊ ငါ၏ နာ​မ​သစ်​ကို​လည်း​ကောင်း၊ ထို​သူ​အ​ပေါ်၌ ငါ​သည် အ​က္ခ​ရာ​တင်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ