တံခါးမုခ်ကိုလည်း တိုင်း၍ အလျားရှစ်တောင်ရှိ၏။ မုခ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုခ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။
အရှေ့တံခါး တစ်ဖက်တစ်ချက်၌ အခန်းငယ်သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တစ်ဖက်တစ်ချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။
အတွင်းတံခါးခုံလည်း အနံကျူတစ်ပြန်ရှိ၏။
ထိုနောက်မှ ဗိမာန်တော်သို့ခေါ်၍ တံခါးတိုင်တို့ကိုတိုင်းလျှင်၊ နှစ်ဖက်၌ တံခါးတိုင်ထုသည် ဗိမာန်တော်ထုနှင့်အမျှ ခြောက်တောင်ရှိ၏။
ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။
မုခ်နံရံ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ၊ ကျဉ်းသော ပြတင်းပေါက်များ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ၏။
မင်းသားအဖို့ဖြစ်၏။ မင်းသားသည် ထာဝရဘုရားရှေ့တော်၌ စားသောက်၍ ထိုတံခါးဝမှာ ထိုင်ရလိမ့်မည်။ မင်းသားသည် ထိုတံခါးမုခ်ဖြင့် ထွက်ဝင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင် အသွေးအချို့ကိုယူ၍ အိမ်တော်တိုင်၌လည်းကောင်း၊ ယဇ်ပလ္လင် အောက်ထစ် လေးထောင့်၌လည်းကောင်း၊ အတွင်းတံတိုင်း တံခါးတိုင်၌လည်းကောင်း ထည့်ရမည်။