မုခ်တို့သည် ပြင်တံတိုင်းသို့ မျက်နှာပြု၍၊ တစ်ဖက်တစ်ချက်တိုင်များပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကားရှစ်ထစ်ဖြင့် တက်ရ၏။
အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုခ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက်များရှိ၏။ တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
ပြတင်းပေါက်၊ မုခ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုခ်တို့သည် လှေကားနှင့် တစ်တန်းတည်းရှိကြ၏။
လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုခ်တို့သည် လှေကားနှင့် တစ်တန်းတည်းရှိကြ၏။ တစ်ဖက်တစ်ချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
မုခ်တို့သည် ပြင်တံတိုင်းသို့မျက်နှာပြု၍၊ တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့် တက်ရ၏။
မုခ်တို့သည် ပြင်တံတိုင်းသို့ မျက်နှာပြု၍၊ တစ်ဖက်တစ်ချက်တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကားရှစ်ထစ်ဖြင့် တက်ရ၏။
အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ်၊ အနံကား တစ်ဆယ်တစ်တောင်ရှိ၏။ လှေကားဆယ်ထစ်ဖြင့် တက်ရ၏။ အိမ်တော်ဦးအနား၊ တစ်ဖက်တစ်ချက်၌ တိုင်တစ်လုံးစီတည်လျက်ရှိ၏။
ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတစ်ပြန်စီရှိ၏။