Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 40:22

Judson Bible

ပြတင်း​ပေါက်၊ မုခ်၊ စွန်​ပ​လွံ​ပင်​များ​တို့​သည် အ​ရှေ့​တံ​ခါး​ကဲ့​သို့ ဖြစ်​ကြ၏။ လှေ​ကား​ခု​နစ်​ထစ်​ဖြင့် တံ​ခါး​သို့​တက်​ရ၏။ မုခ်​တို့​သည် လှေ​ကား​နှင့် တစ်​တန်း​တည်း​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အိမ်​တော်​ထ​ရံ​အ​တွင်း​ဘက်​နှင့် ပြင်​ဘက်၌​ထု​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် အ​ပွင့်​ပွင့်​သော စွန်​ပ​လွံ​ပင်​အ​ရုပ်​များ​ရှိ​ကြ၏။

သံ​လွင်​သား​တံ​ခါး​ရွက်​တို့၌ ခေ​ရု​ဗိမ်​အ​ရုပ်၊ အ​ပွင့်​ပွင့်​သော စွန်​ပ​လွံ​ပင်​အ​ရုပ်​များ​ကို ထု​လုပ်၍၊ တံ​ခါး​ရွက်​နှင့်​ခေ​ရု​ဗိမ်​အ​ရုပ်၊ စွန်​ပ​လွံ​ပင်​အ​ရုပ်​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။

တံ​ခါး​ရွက်၌ ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် အ​ပွင့်​ပွင့်​သော စွန်​ပ​လွံ​ပင်​အ​ရုပ်​များ​ကို ထု​လုပ်၍ အ​ပြောက်​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။

ကိုင်​စ​ရာ​မျက်​နှာ​နှင့် ခုံ​မျက်​နှာ​ပြင်၌ ခေ​ရု​ဗိမ်၊ ခြင်္သေ့၊ စွန်​ပ​လွံ​ပင်​အ​စ​ရှိ​သော အ​ပြောက်​မျိုး အ​သီး​အ​သီး ထင်​ပေါ်​လျက်​ရှိ၏။

အ​လင်း​ဝင်​စ​ရာ ပြ​တင်း​ပေါက်​သုံး​တန်း​စီ အ​ဆင့်​ဆင့်​မျက်​နှာ​ချင်း​ဆိုင်​လျက် တစ်​ဖက်​တစ်​ချက်၌ ရှိ​ကြ၏။

အိမ်​တော်​အ​တွင်း​အ​မိုး​ကို ထင်း​ရှူး​ပျဉ်​ပြား​ဖြင့် ပြီး​စေ​လျက် စွန်​ပ​လွံ​ပင်​များ​နှင့် ကြိုး​များ​တို့​ကို​ထု၍ ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။

အ​ခန်း​များ၊ တံ​ခါး​အ​တွင်း​ပတ်​လည်​တိုင်​များ၊ တံ​ခါး​မုခ်​များ အ​တွင်း​ဘက်၌ ကျဉ်း​သော​ပြတင်း​ပေါက်​များ​ရှိ၏။ တိုင်​များ၌ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။

အ​ရင်​ပြ​တင်း​ပေါက်​ကဲ့​သို့ ပြတင်း​ပေါက်​များ၊ မုခ်​များ​ရှိ၍၊ အ​လျား​အ​တောင်​ငါး​ဆယ်၊ အ​နံ နှစ်​ဆယ်​ငါး​တောင်​ရှိ၏။

လှေ​ကား ခု​နစ်​ထစ်​ဖြင့် တံ​ခါး​သို့​တက်​ရ၏။ မုခ်​တို့​သည် လှေ​ကား​နှင့် တစ်​တန်း​တည်း​ရှိ​ကြ၏။ တစ်​ဖက်​တစ်​ချက်​တိုင်​များ၌ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။

အ​ခန်း​ငယ်​များ၊ တိုင်​များ၊ မုခ်​များ​တို့​သည် အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။ တံ​ခါး​ဝ​ပတ်​လည်၌​လည်း​ကောင်း၊ မုခ်​များ၌​လည်း​ကောင်း ပြတင်း​ပေါက်​ရှိ၍၊ အ​လျား​အ​တောင် ငါး​ဆယ်၊ အ​နံ​နှစ်​ဆယ်​ငါး​တောင်​ရှိ၏။

မုခ်​တို့​သည် ပြင်​တံ​တိုင်း​သို့​မျက်​နှာ​ပြု၍၊ တိုင်​များ​အ​ပေါ်​မှာ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။ လှေ​ကား ရှစ်​ထစ်​ဖြင့် တက်​ရ၏။

မုခ်​တို့​သည် ပြင်​တံ​တိုင်း​သို့ မျက်​နှာ​ပြု၍၊ တစ်​ဖက်​တစ်​ချက်​တိုင်​များ​ပေါ်​မှာ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။ လှေ​ကား​ရှစ်​ထစ်​ဖြင့် တက်​ရ၏။

မုခ်​တို့​သည် ပြင်​တံ​တိုင်း​သို့ မျက်​နှာ​ပြု၍၊ တစ်​ဖက်​တစ်​ချက်​တိုင်​များ​အ​ပေါ်​မှာ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။ လှေ​ကား​ရှစ်​ထစ်​ဖြင့် တက်​ရ၏။

အိမ်​တော်​ဦး​အ​လျား​ကား အ​တောင်​နှစ်​ဆယ်၊ အ​နံ​ကား တစ်​ဆယ်​တစ်​တောင်​ရှိ၏။ လှေ​ကား​ဆယ်​ထစ်​ဖြင့် တက်​ရ၏။ အိမ်​တော်​ဦး​အ​နား၊ တစ်​ဖက်​တစ်​ချက်၌ တိုင်​တစ်​လုံး​စီ​တည်​လျက်​ရှိ၏။

ထို​နောက်၊ အ​ရှေ့​တံ​ခါး​သို့​သွား၍ လှေ​ကား​ကို တက်​ပြီး​မှ၊ တံ​ခါး​ထုပ်​နှင့် တံ​ခါး​ခုံ​ကို​တိုင်း၍ အ​နံ ကျူ​တစ်​ပြန်​စီ​ရှိ၏။

ထို​ကြောင့်၊ သေ​ခြင်း​နှင့်​စပ်​ဆိုင်​သော အ​ကျင့်​ကို နောင်​တ​ရ​ခြင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း၊ ဗ​တ္တိ​ဇံ တ​ရား​ကို​သွန်​သင်​ခြင်း၊ လက်​ကို​တင်​ခြင်း၊ သေ​လွန်​သော သူ​တို့၏​ထ​မြောက်​ခြင်း၊ ထာ​ဝ​ရ​စီ​ရင် ဆုံး​ဖြတ်​ခြင်း​တည်း​ဟူ​သော မူ​လ​အ​မြစ်​ကို ငါ​တို့​သည် ပြန်၍​မ​တည်​ဘဲ၊ ခ​ရစ်​တော်၏​ဘာ​သာ၌ အ​စ​အ​ဦး​ဖြစ်​သော အ​ကြောင်း​အ​ရာ​တို့​ကို ထား၍၊ စုံ​လင်​သော​အ​ဖြစ်​သို့ တက်​ကြ​ကုန်​အံ့။-

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့ အ​ထဲ​မှ​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ရေ​တွက်​နိုင်​သော လူ​များ​အ​ပေါင်း​တို့​သည် ဖြူ​သော​ဝတ်​လုံ​ကို ဝတ်​ဆင်​လျက်၊ စွန်​ပ​လွံ​ခက်​ကို​ကိုင်​လျက်၊ ပ​လ္လင်​တော်​ရှေ့၊ သိုး​သ​ငယ် ရှေ့​မှာ​ရပ်​နေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ