တံခါးဝကိုလည်းတိုင်း၍ အနံဆယ်တောင်၊ အမြင့်တစ်ဆယ်သုံးတောင်ရှိ၏။
အရှေ့တံခါး တစ်ဖက်တစ်ချက်၌ အခန်းငယ်သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တစ်ဖက်တစ်ချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။
အခန်းငယ်တို့ရှေ့မှာ တစ်ဖက်တစ်ချက်၌ ကြမ်းပြင်အနံ တစ်တောင်ရှိ၏။ တစ်ဖက်တစ်ချက်၌ရှိသော အခန်းငယ်တို့သည် အလျားအနံ ခြောက်တောင်စီရှိ၏။