ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှုကို ပြုရသောကာလမစေ့မီ၊ သင်သည် တစ်ဖက်မှတစ်ဖက်သို့ မစောင်းရ။
အချင်းလူသား၊ သင်သည် ကြိုးနှင့်ချည်နှောင်ခြင်းကိုခံ၍ သူတို့တွင် မထွက်ရ။
ထိုမှတစ်ပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတစ်လုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတစ်ဖက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှောသော ဆန်ကို မုန့်လုပ်၍ စားရမည်။
မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ် သုံးစုတစ်စုကို မြို့ထဲမှာ မီးရှို့လော့။ တစ်စုကို ဓားနှင့် ခုတ်ဖြတ်လော့။ တစ်စုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။