ထိုနေ့ရက်စေ့ပြီးမှ၊ တစ်ဖန် လက်ယာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံး ယုဒအမျိုး၏အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကိုငါထားပြီ။
ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့်အညီ၊ တစ်ရက်ကို တစ်နှစ်ထား၍ အနှစ်လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ်ခြင်းကို သိရကြလိမ့်မည်။
မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဖက်ကို ရလေ၏။-
ထိုသားရဲသည်လည်း ကြီးစွာသော စကားကိုလည်းကောင်း၊ ဘုရားသခင်ကို ပြစ်မှားသော စကားကိုလည်းကောင်း၊ ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍၊ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသောအခွင့်ကိုရ၏။-
ထိုအခါ လူသုံးစုတစ်စုကို အသေသတ်ခြင်းငှာ တစ်နာရီ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်အဖို့ ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။-