Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 38:8

Judson Bible

ကြာ​မြင့်​စွာ ကာ​လ​လွန်​ပြီး​မှ သင်​သည် အုပ်​ချုပ်​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ဓား​ဘေး​နှင့်​လွတ်၍ လူ​အ​မျိုး​မျိုး​ထဲ​က နုတ်​သော​ပြည်​သား၊ ကြာ​မြင့်​စွာ ဆိတ်​ညံ​လျက်​နေ​သော ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​သို့၊ တစ်​ဖန်​ဆောင်​ခဲ့​သော ပြည်​သား​တို့​ရှိ​ရာ​သို့ နောင်​ကာ​လ၌ သင်​သည် စစ်​ချီ၍​လာ​လိမ့်​မည်။ ထို​ပြည်​သား​တို့​သည် လူ​အ​မျိုး​မျိုး​ထဲ​က နုတ်​ဆောင်​သော​သူ​ဖြစ်၍၊ တစ်​ပြည်​လုံး ငြိမ်​ဝပ်​လျက်​ရှိ​နေ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

ထို​ရော​အ​ခါ၊ ယာ​ကုပ်​သည် မိ​မိ​သား​တို့​ကို​ခေါ်၍၊ သင်​တို့​သည် စည်း​ဝေး​ကြ​လော့။ နောင်​ကာ​လ​အ​ခါ၊ သင်​တို့​၌ ဖြစ်​လ​တ္တံ့​သော​အ​မှု​အ​ရာ​များ​ကို ငါ​ဟော​ပြော​မည်။

ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

သူ​တို့​သည် တွင်း​ထဲ​မှာ တစ်​စု​တည်း​စု​ဝေး၍ ချည်​နှောင်​ခြင်း၊ ထောင်​ထဲ​မှာ ချုပ်​ထား​ခြင်း​ကို​ခံ​လျက် နေ​ရ​ကြ​လိမ့်​မည်။ များ​စွာ​သော နေ့​ရက်​ကာ​လ​လွန်​ပြီး​မှ၊ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​သံ​ဗ​လံ​မြည်​ခြင်း​နှင့်​တ​ကွ မိုး​သက်​မုန်​တိုင်း၊ လောင်​တတ်​သော မီး​လျှံ​အား​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်။

အ​ချင်း​လူ​များ​တို့၊ သင်း​ဖွဲ့၍ မှိုင်​တွေ​ကြ​လော့။ ဝေး​သော​ပြည်​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ခါး​စည်း၍ မှိုင်​တွေ​ကြ​လော့။ ခါး​စည်း၍ မှိုင်​တွေ​ကြ​လော့။

ထို​မင်း​လက်​ထက်၌ ယု​ဒ​ပြည်​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍၊ ဣ​သ​ရေ​လ​ပြည်​လည်း ငြိမ်​ဝပ်​စွာ နေ​ရ​လိမ့်​မည်။ ထို​မင်း​သည် ယေ​ဟော​ဝါ​ဇေ​ဒ​က​နု ဟူ​သော ဘွဲ့​နာ​မ​ရှိ​လိမ့်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယာ​ကုပ်​အ​မျိုး​သား​တို့၏​တဲ​များ​ကို ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​တို့​အိမ်​များ​ကို​သ​နား​ဦး​မည်။ မြို့​သည်​လည်း၊ မိ​မိ​ကုန်း​ပေါ်​မှာ တစ်​ဖန်​တည်​လျက်​ရှိ​လိမ့်​မည်။ နန်း​တော်၌​လည်း၊ ရှေး​ထုံး​စံ​အ​တိုင်း နေ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​ကို ငါ​ဆောင်​ခဲ့​ရ​သော အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​သို့ ငါ​ပြန်​လာ​စေ​သ​ဖြင့်၊ သူ​တို့​သည် ပိုင်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ​သည် အ​မျက်​ဟုန်း​ဟုန်း​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​သည်​နှင့်၊ သူ​တို့​ကို​နှင်​ထုတ်​ရာ တိုင်း​ပြည်​ရှိ​သ​မျှ​တို့​မှ၊ တစ်​ဖန်​စု​သိမ်း၍ ဤ​အ​ရပ်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ငြိမ်​ဝပ်​စွာ​နေ​စေ​မည်။

ဇေ​ဒ​ကိ​ကို​လည်း ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​လိမ့်​မည်။ ငါ​အ​ကြည့်​အ​ရှု မ​လာ​မီ​တိုင်​အောင်၊ ထို​မြို့၌ နေ​ရ​လိမ့်​မည်။ သင်​တို့​သည် ခါ​လ​ဒဲ​လူ​တို့​ကို စစ်​တိုက်၍ မ​နိုင်​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် အ​ဘယ်​ကြောင့် ပ​ရော​ဖက်​ပြု၍ ဟော​သ​နည်း​ဟု​ဆို၍ ထောင်​ထဲ​မှာ​လှောင်​ထား​သ​တည်း။

ထို​ကာ​လ၌ ယု​ဒ​ပြည်​သည် ကယ်​တင်​ခြင်း​သို့ ရောက်၍၊ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း ငြိမ်​ဝပ်​ခြင်း​ရှိ​လိမ့်​မည်။ ထို​မြို့​သည် ယေ​ဟော​ဝါ​ဇေ​ဒ​က​နု ဟူ​သော ဘွဲ့​နာ​မ​ရှိ​လိမ့်​သ​တည်း။

သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော မော​ဘ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​ရွေ့​ကား၊ မော​ဘ​ခံ​ရ​သော​အ​ပြစ်​တ​ရား​ပေ​တည်း။

သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ဧ​လံ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို ဇိ​အုန်​သ​တို့​သ​မီး၊ သင်​ခံ​ထိုက်​သ​မျှ​သော အ​ပြစ်​ဒဏ်​ကုန်​ပြီ။ သင်​သည် နောက်​တစ်​ဖန် သိမ်း​သွား​ခြင်း​ကို​မ​ခံ​ရ။ အို ဧ​ဒုံ​သ​တို့​သ​မီး၊ သင်​ပြု​သော ဒု​စ​ရိုက်​ကို​စစ်​ကြော၍ သင်၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​မည်။

ထို​ပြည်၌ စိုး​ရိမ်​စ​ရာ​မ​ရှိ။ အိမ်​ဆောက်​ခြင်း၊ စ​ပျစ်​ဥ​ယျာဉ်​စိုက်​ခြင်း အ​မှု​ကို​ပြု၍ နေ​ကြ​လိမ့်​မည်။ သူ​တို့ ပတ်​လည်၌​နေ၍ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ငါ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​သော​နောက် သူ​တို့​သည် စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ​နေ၍၊ ငါ​သည် သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​က ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သူ​တို့​နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၊ မြစ်​တို့​အ​နား အ​စ​ရှိ​သော​နေ​စ​ရာ​အ​ရပ်​ရပ်​တို့၌ ကျွေး​မွေး​မည်။

သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဂေါ​ဂ​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​သော​အ​ခါ သင်​သည်​သိ၍၊

ပြည်​ကို မိုး​အုံ့​သ​ကဲ့​သို့ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တက်၍​တိုက်​လာ​မည်။ နောင်​ကာ​လ​တွင် ငါ၏​ပြည်​တစ်​ဖက်၌ သင့်​ကို ငါ​ဆောင်​ခဲ့​မည် မ​ဟုတ်​လော။ အ​ကြောင်း​မူ​ကား၊ အို ဂေါ​ဂ၊ လူ​အ​မျိုး​မျိုး​တို့​မျက်​မှောက်၌ သင့်​အား​ဖြင့် ငါ​သည်​ချီး​မြှောက်​ရာ​သို့ ရောက်​သော​အ​ခါ၊ သူ​တို့​သည် ငါ့​ကို​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။

သူ​တို့​ကို လူ​အ​မျိုး​မျိုး​ထဲ​က ငါ​ခေါ်​ခဲ့၍၊

ထို​ရူ​ပါ​ရုံ​သည် ချိန်း​ချက်​သော အ​ချိန်​နှင့်​ဆိုင်၍ အ​မှု​ကုန်​ရ​သော​ကာ​လ​ကို ဆို​လို၏။ မု​သား​နှင့် ကင်း​လွတ်၏။ ဆိုင်း​သော်​လည်း မျှော်​လင့်​လော့။ နောက်​မ​ကျ​ဘဲ ဧ​ကန်​အ​မှန်​ရောက်​လိမ့်​မည်။

ယ​ခု​မူ​ကား၊ ငါ့​အ​ဆွေ​အ​မျိုး​တို့​ထံ​သို့ ငါ​သွား​တော့​မည်။ နား​ထောင်​ပါ။ နောင်​ကာ​လ၌ ဤ​လူ​မျိုး​သည် မင်း​ကြီး၏​လူ​မျိုး၌ အ​ဘယ်​သို့ ပြု​မည်​အ​ရာ​ကို မင်း​ကြီး​အား​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ပြန်​ဆို​ပြီး​မှ၊

သင်​တို့​သည် နောင်​ကာ​လ၌ ဒု​က္ခ​ဆင်း​ရဲ​ကို​ခံ​ရ၍၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ၍ စ​ကား​တော်​ကို​နား​ထောင်​လျှင်၊

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ