ယေဇကျေလ 38:2Judson Bibleအချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အခန်းကိုကြည့်ပါ။ |
ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ်သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကို မမြင်၊ ဝေးစွာသော တစ်ကျွန်းတစ်နိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တစ်ပါးအမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။
ထိုအရပ်၌ မိမိအလုံးအရင်း ရှိသမျှတို့နှင့်အတူ မေရှက်လည်းရှိ၏။ တုဗလလည်းရှိ၏။ သင်္ချိုင်းတွင်းတို့သည် ပတ်လည်၌ ရှိကြ၏။ အသက်ရှင်သောသူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်၍ ဓားဖြင့် သေလျက်နေကြ၏။
ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသောသင်္ချိုင်းကို ဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂနှင့် သူ၏လူအလုံးအရင်းရှိသမျှကို မြေ၌မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂချိုင့်အမည်ဖြင့် တွင်လိမ့်မည်။