Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 37:9

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ လေ​အား ပ​ရော​ဖက်​ပြု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို လေ​အား​ဆင့်​ဆို​ရ​မည်​မှာ၊ အို လေ၊ အ​ရပ်​လေး​မျက်​နှာ​တို့​မှ​လာ၍၊ ဤ​အ​သေ​ကောင်​တို့​သည် အ​သက်​ရှင်​မည်​အ​ကြောင်း သူ​တို့​အ​ပေါ်​မှာ မှုတ်​လော့​ဟု၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ဝိ​ညာဉ်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​မျက်​နှာ​ကို အ​သစ်​ပြု​ပြင်​တော်​မူ၏။

မြောက်​လေ၊ နိုး​ပါ။ တောင်​လေ၊ လာ​ပါ။ ငါ့​ဥ​ယျာဉ်​အ​ပေါ်​သို့​လာ​ကြ​ပါ။ မွှေး​ကြိုင်​သော အ​နံ့​သည် ပျံ့​လှိုင်​ပါ​စေ။ ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်​သို့​ဝင်၍၊ ချို​သော​အ​သီး​ကို စား​တော်​မူ​ပါ​စေ။

အ​သက်​ရှင်​စေ​ခြင်း​ငှာ ငါ​သည် ကိုယ်​အ​သက်​ကို သွင်း​ပေး၍၊ သင်​တို့​ကို နေ​ရင်း​ပြည်၌ နေ​ရာ​ချ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​သည်​အ​တိုင်း ပြည့်​စုံ​ကြောင်း​ကို​လည်း သိ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​ရိုး​တို့​အ​ပေါ်​မှာ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​ရ​မည်​မှာ၊ အို သွေ့​ခြောက်​သော အ​ရိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။

ဤ​သွေ့​ခြောက်​သော အ​ရိုး​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ထဲ​သို့ အ​သက်​ကို​သွင်း၍ သင်​တို့​သည် အ​သက်​ရှင်​ရ​ကြ​မည်။

ငါ​ကြည့်​ရှု​စဉ်​တွင် အ​ကြော​တို့​သည်​ပေါ်​လာ၍ အ​သား​လည်း​တတ်၏။ အ​ရေ​လည်း ဖုံး​လွှမ်း၏။ သို့​ရာ​တွင်၊ အ​သက်​မ​ရှိ​သေး။

ထို​သူ​သည် ပေါ်​လာ​ပြီး​မှ နိုင်​ငံ​တော်​ကျိုး​ပဲ့၍ သူ​တစ်​ပါး​တို့​သည် မိုး​ကောင်း​ကင်​လေး​မျက်​နှာ​တို့၌ ခွဲ​ဝေ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​စိုး​ရ​သော သူ​တို့​သည် အ​မျိုး​အ​နွယ်​တော်​မ​ဟုတ်။ အာ​ဏာ​တော်​နှင့် အ​စိုး​မ​ရ၊ နိုင်​ငံ​တော်​ကို နုတ်​ပစ်၍ အ​မျိုး​အ​နွယ်​တော်​မှ​တစ်​ပါး အ​ခြား​သော သူ​တို့​သည် ရ​ကြ​လိမ့်​မည်။

သူ​တို့​ကို မ​ရ​ဏနိုင်​ငံ​တန်​ခိုး​မှ ငါ​ကယ်​လွှတ်​မည်။ သေ​မင်း​လက်​မှ​လည်း ရွေး​မည်။ အို သေ​မင်း၊ သင့်​ကို ကာ​လ​နာ​စွဲ​စေ​မည်။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၌ ဖျက်​ဆီး​သော​ဘေး​ကို ရောက်​စေ​မည်။ နောင်​တ​ရ​မည်​အ​ကြောင်း​ကို ပ​မာ​ဏ​မ​ပြု။

ကောင်း​ကင်​တ​မန်​က၊ ထို​ရ​ထား​တို့​သည်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်၏​ရှေ့​တော်၌ ရပ်​နေ​ရာ​မှ ထွက်​သွား​သော မိုး​ကောင်း​ကင်​လေ လေး​ပါး​ဖြစ်၏။

လေ​သည် အ​လို​ရှိ​တိုင်း​သွား​လာ၏။ လေ၏​အ​သံ​ကို သင်​သည်​ကြား​ရ​သော်​လည်း အ​ဘယ်​အ​ရပ်​က​ဖြစ်​သည်၊ အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို မ​သိ​နိုင်။ ထို​နည်း​တူ ဝိ​ညာဉ်​တော်​မွေး​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ သင်​သည် အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့၌​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့၌​လည်း​ကောင်း၊ တစ်​ဖန် ပ​ရော​ဖက်​ပြု၍ ဟော​ပြော​ရ​မည်​ဟု ဆို​လေ၏။

ထို​နောက် သုံး​ရက်​ခွဲ​လွန်​ပြီး​လျှင်၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​က အ​သက်​ဝိ​ညာဉ်​သည် သူ​တို့၌​ဝင်​သ​ဖြင့်၊ သူ​တို့​သည် မတ်​တတ်​ထ၍ မြင်​သ​မျှ​သော​သူ​တို့​သည် အ​လွန် ကြောက်​ရွံ့​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ