ယေဇကျေလ 32:2Judson Bibleအချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည်မှာ၊ သင်သည် လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ ဖြစ်၏။ အိုင်၌နေသော မိကျောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်တို့ကို ကူးသွားလျက်၊ ခြေဖြင့် ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။ အခန်းကိုကြည့်ပါ။ |
ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျိုအပေါင်းတို့က၊ ကိုယ်တော်သည် သူ့ဥစ္စာကို လုယူခြင်းငှာ လာသလော။ သူ့ဥစ္စာကိုဝေငှ၍ ရွှေငွေကိုလည်းကောင်း၊ တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းကောင်း သိမ်းသွားလျက်၊ များစွာ လုယက်ဖျက်ဆီးခြင်းငှာ အပေါင်းအသင်းကို စုဝေးစေပြီလောဟု မေးမြန်းကြလိမ့်မည်။