Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 32:16

Judson Bible

ဤ​ရွေ့​ကား၊ အဲ​ဂု​တ္တု​ပြည်​အ​တွက် ပြု​ရ​သော မြည်​တမ်း​ခြင်း​တည်း။ အ​မျိုး​မျိုး​သော သ​တို့​သ​မီး​တို့​သည်​လည်း မြည်​တမ်း၍၊ အဲ​ဂု​တ္တု​ပြည်​နှင့် ပြည်​သား အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည် ရှော​လု​နှင့်​သား​တော် ယော​န​သန်​ကြောင့် ငို​ကြွေး​မြည်​တမ်း၍၊

ယေ​ရ​မိ​သည်​လည်း မြည်​တမ်း​သော​စ​ကား​ကို စီ​ရင်၍ သီ​ချင်း​သည် ယောက်ျား​မိန်း​မ​ရှိ​သ​မျှ​တို့​သည်၊ ယ​နေ့​တိုင်​အောင် ယော​ရှိ​မင်း​ကို အောက်​မေ့​လျက်၊ ထို​မြည်​တမ်း​သော​စ​ကား​ကို သုံး​ဆောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ထုံး​စံ ဖြစ်​လေ၏။ ထို​စ​ကား​သည် မြည်​တမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဆင်​ခြင်​ကြ​လော့၊ ငို​ခြင်း​သည်​မ​တို့​ကို ခေါ်၍​လာ​ကြ​စေ။ လိ​မ္မာ​သော​မိန်း​မ​တို့​ရှိ​ရာ​သို့ စေ​လွှတ်၍ လာ​ကြ​စေ။

သူ​တို့​က​လည်း၊ အို ကျော်​စော​သော​မြို့၊ ပင်​လယ်​သား​နေ၍ ပင်​လယ်၌ အား​ကြီး​သော​မြို့၊ ပင်​လယ်​သား​အ​ပေါင်း​တို့ ရို​သေ​ဖွယ်​သော မြို့​သား​နှင့် ပြည့်​စုံ​သော​မြို့၊ သင်​သည် အ​လွန်​ပျက်​စီး​လေ​ပြီ​တ​ကား​ဟု သင့်​အား​ဆို​လျက်၊ သင့်​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ အဲ​ဂု​တ္တု​ပြည်​သား​အ​လုံး​အ​ရင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို ပြု​လော့။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နေ​ရာ မြေ​အောက်​အ​ရပ်​သို့ တိုင်​အောင်၊ ကျော်​စော​သော​လူ​မျိုး သ​တို့​သ​မီး​တို့​နှင့်​တ​ကွ နှိမ့်​ချ​လျက် မြွက်​ဆို​ရ​မည်​မှာ၊

အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍ ပြော​ဆို​ရ​မည်​မှာ၊ သင်​သည် လူ​မျိုး​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့ ဖြစ်၏။ အိုင်၌​နေ​သော မိ​ကျောင်း​ကဲ့​သို့​လည်း​ဖြစ်၍၊ မြစ်​တို့​ကို ကူး​သွား​လျက်၊ ခြေ​ဖြင့် ရေ​ကို​လှုပ်​ရှား​လျက် မြစ်​ရေ​ကို နောက်​စေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ