Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 30:3

Judson Bible

ထို​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နေ့၊ မိုး​အုံ့​သော​နေ့၊ တစ်​ပါး​အ​မျိုး​သား​ဖို့ ချိန်း​ချက်​သော​အ​ချိန်​နီး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

35 ပူးပေါင်းရင်းမြစ်များ  

ငါ၏​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် တ​ရား​စီ​ရင်​လျက်၊ အ​သေ​ကောင်​တို့​ကို အ​နှံ့​အ​ပြား​ဖြစ်​စေ၍၊ ကျယ်​သော​မြေ၌ သူ​တို့​ဦး​ခေါင်း​ကို နှိပ်​စက်​တော်​မူ​မည်။

သို့​သော်​လည်း သူ၏​နေ့​ရက်​အ​ချိန်​ရောက်​မည်​ကို ဘု​ရား​ရှင်​သိ​မြင်၍၊ သူ့​ကို​ပြုံး​ရယ်​တော်​မူ၏။

ထို​သို့ အဲ​ဂု​တ္တု​တပ်​နှင့် ဣ​သ​ရေ​လ​တပ်​စပ်​ကြား​သို့​ရောက်​လျှင်၊ အဲ​ဂု​တ္တု​လူ​တို့၌ မိုက်​သော​မိုး​တိမ်​ဖြစ်၍၊ ဣ​သ​ရေ​လ​လူ​တို့​အား အ​လင်း​ကို​ပေး​လျက်​နေ​သ​ဖြင့်၊ တစ်​ည​လုံး တပ်​တစ်​ဦး​နှင့် တစ်​ဦး​မ​ချဉ်း​နိုင်​ရာ။

နံ​နက်​ယံ၌ ထာ​ဝ​ရ​ဘု​ရား​သည် မီး​မိုး​တိမ်​တိုင်​အား​ဖြင့် အဲ​ဂု​တ္တု​တပ်​ကို ကြည့်​ရှု၍​နှောင့်​ယှက်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် နီး​သော​ကြောင့်၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ အ​န​န္တ​တန်​ခိုး​ရှင်​စီ​ရင်​တော်​မူ​သော ဘေး​အ​န္တ​ရာယ်​ကဲ့​သို့ လာ​လိမ့်​မည်။

ထို​ပြည်​ကို ဖျက်​ဆီး၍၊ အ​ပြစ်​ကြီး​သော ပြည်​သူ​ပြည်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကြမ်း​ကြုတ်​သော နေ့​ရက်​သည် ပြင်း​ထန်​သော​ဒေါ​သ အ​မျက်​ထွက်​လျက်​လာ​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျင်​မြန်​သော​မိုး​တိမ်​ကို​စီး၍ အဲ​ဂု​တ္တု​ပြည်​သို့ ကြွ​တော်​မူ၏။ ရှေ့​တော်၌ အဲ​ဂု​တ္တု​ပြည်၏ ရုပ်​တု​ဆင်း​တု​တို့​သည်​လှုပ်​ရှား၍၊ အဲ​ဂု​တ္တု​ပြည်၏​နှ​လုံး​သည် သူ၏​အ​ထဲ​မှာ အ​ရည်​ကျို​လျက် ရှိ​လိမ့်​မည်။

မြေ​ကြီး​စွန်း​တိုင်​အောင် အ​သံ​နှံ့​ပြား​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​မျိုး​မျိုး​တို့​နှင့် တ​ရား​တွေ့​စ​ရာ အ​ကြောင်း​ရှိ၍၊ ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​ကို အ​မှု​လုပ်​တော်​မူ​မည်။ ဆိုး​သော​သူ​တို့​ကို ဓား​နှင့်​ကွပ်​မျက်​စေ​ခြင်း​ငှာ အပ်​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရောက်​မှ စစ်​တိုက်၍ ခံ​နိုင်​မည်​အ​ကြောင်း၊ သူ​တို့​သည် မြို့​ရိုး​ပျက်​အ​ပေါ်​သို့ တက်၍၊ ပြု​ပြင်​ခြင်း​အ​မှု​ကို မ​ပြု​ဘဲ​နေ​ကြ၏။

ပျက်​စီး​သော​ပြည်​တို့​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​ဖျက်​ဆီး​မည်။ လူ​ဆိတ်​ညံ​သော​မြို့​တို့​တွင် အ​နှစ်​လေး​ဆယ်​ပတ်​လုံး အဲ​ဂု​တ္တု​မြို့​တို့​သည် ပျက်​စီး​လျက်​ရှိ​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​လူ​တို့​ကို အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို ငါ​ကွဲ​ပြား ပျံ့​လွင့်​စေ​မည်။

တာ​ပ​နက်​မြို့၌ အဲ​ဂု​တ္တု​လှံ​တံ​တို့​ကို ငါ​ချိုး၍၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ဆုံး​သော​အ​ခါ နေ့​အ​ချိန်၌ အ​လင်း​ကွယ်​လိမ့်​မည်။ မိုး​အုံ့၍ မြို့​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

သင့်​ကို ငါ​ဆုံး​စေ​သော​အ​ခါ မိုး​ကောင်း​ကင်​ကို ငါ​ဖုံး​လွှမ်း၍ ကြယ်​တို့​ကို မိုက်​စေ​မည်။ နေ​ကို​မိုး​အုံ့​စေ​၍ လ​သည်​လည်း အ​လင်း​ကို မ​ပေး​ရ။

ကွဲ​ပြား​လျက်​ရှိ​သော မိ​မိ​သိုး​တို့​တွင် သိုး​ထိန်း​ရောက်​သော​အ​ခါ ကြိုး​စား၍​ရှာ​သ​ကဲ့​သို့၊ ငါ​သည်​လည်း ငါ့​သိုး​တို့​ကို ကြိုး​စား၍​ရှာ​မည်။ မိုး​အုံ့​၍ မိုက်​သော​နေ့၌ သူ​တို့​ကွဲ​ပြား​သော အ​ရပ်​ရပ်​တို့​က ငါ​နုတ်​ဆောင်​မည်။

နေ့​ရက်​ရောက်​လာ၏။ ရောက်​လာ၏။ အ​လှည့်​ခံ​ရ​ချိန်​စေ့​ပြီ။ တံ​ဖျာ​ပွင့်​ပြီ။ မာ​န​ကြီး​ပွား​ပြီ။

အ​ချိန်​စေ့​ပြီ။ နေ့​ရက်​နီး​ပြီ။ ဝယ်​သော​သူ​သည် ဝမ်း​မ​မြောက်​စေ​နှင့်။ ရောင်း​သော​သူ​သည် စိတ်​မ​သာ၊ မ​ညည်း​တွား​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သည် တည်​လျက်​ရှိ၏။

သူ​တို့​ငွေ​ကို လမ်း​သို့​ပစ်၍၊ ရွှေ​ကို ညစ်​ညူး​သော​အ​ရာ​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကာ​လ၌၊ သူ​တို့ ရွှေ​ငွေ​သည် သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်။ သူ​တို့ အ​လို​ဆ​န္ဒ​ကို မ​ဖြေ​နိုင်။ ဝ​စွာ မ​ကျွေး​နိုင်။ အ​ကြောင်း​မူ​ကား၊ ထို​ရွှေ​ငွေ​သည် သူ​တို့​ထိ​မိ၍ မှား​ယွင်း​ခြင်း​အ​ကြောင်း ဖြစ်​သ​တည်း။

အို ပြည်​တော်​သား၊ သင်​သည် အ​လှည့်​ခံ​ရ​သော​အ​ချိန် ရောက်​လာ၏။ အ​ချိန်​စေ့​ပြီ။ ရွှင်​လန်း​စွာ ကြွေး​ကြော်​ခြင်း မ​ရှိ​ရ​ဘဲ၊ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို ပြု​ရ​သော​နေ့​နီး​ပြီ။

ထို​နေ့​ရက်​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​နီး​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင် ဖျက်​ဆီး​ခြင်း ဘေး​ကဲ့​သို့ ရောက်​လာ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် နီး​ပြီ။ သင်​ပြု​သည်​အ​တိုင်း သင်၌ သူ​တစ်​ပါး​ပြု​လိမ့်​မည်။ သင်​ပြု​သော​အ​မှု​သည် သင့်​ခေါင်း​ပေါ်​သို့ ရောက်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​နေ့​ကြီး​နီး​ပြီ။ နီး​ပြီ။ အ​လျင်​အ​မြန်​လာ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​သ​တင်း​သည် နား၌ ခါး၏။ ထို​နေ့၌ သူ​ရဲ​သည် အော်​ဟစ်​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​ရှေ့​တော်၌ ငြိမ်​သက်​စွာ နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ယဇ်​ပွဲ​တော်​ကို ပြင်​ဆင်၍၊ ပွဲ​ဝင်​သော​သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပြီ။

ထို​နည်း​တူ၊ ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မြင်​ရ​လျှင် လူ​သား​သည် တံ​ခါး​ဝ​တိုင်​အောင် အ​နီး​သို့ ရောက်​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-

လူ​အ​ပေါင်း​တို့​ရှေ့၌ သင် တို့၏ ဖြည်း​ညင်း​ခြင်း သ​ဘော​ကို ထင်​ရှား​စေ​ကြ​လော့။ သ​ခင်​ဘု​ရား​သည် အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။-

ညီ​အစ်​ကို​တို့၊ စစ်​ကြော​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း ငြင်း​ခုံ​ပြစ်​တင်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ တ​ရား​စီ​ရင် ပိုင်​သော​သူ​သည် တံ​ခါး​နား​မှာ ရှိ​တော်​မူ၏။-

အ​မျက်​တော် ထင်​ရှား​သော​နေ့​ကြီး ရောက်​ပါ​ပြီ​တ​ကား။ အ​ဘယ်​သူ​သည် ခံ​ရပ်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ