Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 3:9

Judson Bible

သင်၏​န​ဖူး​ကို ကျောက်​ထက်​မ​က၊ စိန်​ထက်​သာ၍ ခိုင်​မာ​စေ​ပြီ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သင်​သည် မ​ကြောက်​နှင့်။ သူ​တို့​မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

အို တီ​ကောင်​ယာ​ကုပ်၊ အ​မျိုး​ငယ်​ဣ​သ​ရေ​လ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ကို မ​စ​သော​သူ​ဖြစ်၏။ သင့်​ကို ရွေး​နုတ်​သော​သူ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​လိမ့်​မည်။ ထို​ကြောင့်၊ ငါ​မ​ရှုံး​ရ​သည်​ဖြစ်၍၊ ကိုယ်​မျက်​နှာ​ကို မီး​ကျောက်​ကဲ့​သို့​ထား​လျက်၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ဟု ငါ​သိ၏။

သို့​ဖြစ်၍ သင်​သည် ခါး​ပန်း​ကို​စည်း၍​ထ​လော့။ ငါ​မှာ​ထား​သ​မျှ​ကို သူ​တို့​အား​ဟော​ပြော​လော့။ သူ​တို့​ရှေ့​မှာ သင့်​ကို ငါ​အ​ရှက်​မ​ခွဲ​ရ​မည်​အ​ကြောင်း သူ​တို့​ကို မ​ကြောက်​နှင့်။

သူ​တို့​ကို မ​ကြောက်​နှင့်။ သင့်​ကို​ကယ်​နုတ်​ခြင်း​ငှာ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊

ငါ​သည်​လည်း သင့်​ကို ဤ​လူ​မျိုး​တစ်​ဖက်၌ ခိုင်​ခံ့​သော​ကြေး​ဝါ​မြို့​ရိုး ဖြစ်​စေ​မည်။ သူ​တို့​သည် သင့်​ကို​တိုက်၍ မ​နိုင်​ရ​ကြ။ ငါ​သည် သင့်​ကို နုတ်​ယူ​ကယ်​တင်​ခြင်း​ငှာ သင့်​ဘက်၌​နေ​မည်။

အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ အ​ရှက်​မ​ကွဲ​ပါ​စေ​နှင့်။ သူ​တို့​သည် စိတ်​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ သူ​တို့​အ​ပေါ်​မှာ ဘေး​အ​န္တ​ရာယ်​ကာ​လ​ကို ရောက်​စေ​တော်​မူ​ပါ။ အ​ထပ်​ထပ်​ဖျက်​ဆီး​တော်​မူ​ပါ။

အ​ချင်း​လူ​သား၊ သင်​သည် ဆူး​ပင်​အ​မျိုး​မျိုး​နှင့် တွေ့၍၊ ကင်း​မြီး​ကောက်​တို့​တွင် နေ​ရ​သော်​လည်း သူ​တို့​ကို မ​ကြောက်​နှင့်။ သူ​တို့​စ​ကား​ကို​လည်း မ​ကြောက်​နှင့်။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သူ​တို့​စ​ကား​ကို မ​ကြောက်​နှင့်။ သူ​တို့ မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်။

တစ်​ဖန်၊ အ​ချင်း​လူ​သား၊ သင့်​အား​ငါ​ပြော​လ​တ္တံ့​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်၍ နှ​လုံး​သွင်း​လော့။

သို့​ရာ​တွင်၊ သူ​တို့​မျက်​နှာ​တစ်​ဖက်၌ သင်၏​မျက်​နှာ​ကို​လည်း​ကောင်း၊ သူ​တို့​န​ဖူး​တစ်​ဖက်၌ သင်၏​န​ဖူး​ကို​လည်း​ကောင်း ငါ​ခိုင်​ခံ့​စေ​ပြီ။

ပုန်​ကန်​တတ်​သော​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊

ငါ​မူ​ကား၊ ယာ​ကုပ်​အ​မျိုး လွန်​ကျူး​ခြင်း၊ ဣ​သ​ရေ​လ​အ​မျိုး ပြစ်​မှား​ခြင်း​ကို သူ​တို့​အား ဖော်​ပြ​နိုင်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ရှိန်​တန်​ခိုး၊ ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၏။

တ​ရား​စ​ကား​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထား​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း သူ​တို့​သည် မ​ကြား​စေ​ခြင်း​ငှာ၊ မိ​မိ​တို့​နှ​လုံး​ကို စိန်​ကျောက်​ကဲ့​သို့ မာ​စေ​ကြ၏။ ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန် အ​မျက်​ထွက်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ထို​သို့​သော အ​မှု​သည် ကောင်း​သော​အ​မှု​ဖြစ်၏။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​အ​မှု​လည်း ဖြစ်၏။-

လယ်​လုပ်​သော​သူ​သည်​လည်း အ​ရင်​လုပ်​ပြီး​မှ အ​သီး​အ​နှံ​ကို​ခံ​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ