Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 3:7

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​တို့​မူ​ကား၊ သင့်​စ​ကား​ကို နား​မ​ထောင်​ကြ။ ငါ့​စ​ကား​ကို​ပင် နား​မ​ထောင်​ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ခိုင်​မာ​သော န​ဖူး​နှင့် ခိုင်​မာ​သော နှ​လုံး​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​မျက်​နှာ​အ​နေ​အ​ထား​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ၏။ မိ​မိ​ဒု​စ​ရိုက်​ကို မ​ဝှက်၊ သော​ဒုံ​မြို့​သား​ကဲ့​သို့ ထင်​ရှား​စွာ​ပြု​ကြ၏။ သူ​တို့​ဝိ​ညာဉ်၌ အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မ​ကောင်း​ကျိုး​ကို မိ​မိ​တို့၌​ဆပ်​ပေး​ကြ​ပြီ။

သင်​သည် ခိုင်​မာ​သော​သ​ဘော၊ သံ​ချောင်း​လည်​ပင်း၊ ကြေး​ဝါ​န​ဖူး​နှင့် ပြည့်​စုံ​သည်​ကို ငါ​သိ​သော​ကြောင့်၊

မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။

သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ငါ​တို့​အား ဟော​ပြော​သော​စ​ကား​ကို ငါ​တို့​သည်​နား​မ​ထောင်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။

သူ​တို့​သည် နား​ထောင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ကို ငါ​ပြော၍ သ​တိ​ပေး​ရ​မည်​နည်း။ သူ​တို့​နား​သည် အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော နား​ဖြစ်၍၊ သူ​တို့​သည် နား​မ​ထောင်​နိုင်​ကြ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် သူ​တို့​ကဲ့​ရဲ့​စ​ရာ​ဖြစ်၏။ ထို​နှုတ်​က​ပတ်​တော်​ကို မ​နှစ်​သက်​ကြ။

ငါ​က​လည်း၊ တံ​ပိုး​မှုတ်​သံ​ကို​နား​ထောင်​ကြ​လော့​ဟု ဆို​လျက်၊ သင်​တို့​အ​ပေါ်၌ ကင်း​စောင့်​တို့​ကို ခန့်​ထား​သော​အ​ခါ၊ ငါ​တို့​သည် နား​မ​ထောင်​ဟု ပြန်​ပြော​ကြ၏။

သင်​သည် ဤ​စ​ကား​အ​လုံး​စုံ​ကို သူ​တို့​အား ပြော​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ ခေါ်​သော်​လည်း မ​ထူး​ကြ။

ရဲ​သော​မျက်​နှာ​နှင့် ခိုင်​မာ​သော နှ​လုံး​ရှိ​သော အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို ငါ​စေ​လွှတ်၍၊ သင်​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု သူ​တို့​အား​ပြော​ရ​မည်။

အ​ကြောင်း​မူ​ကား၊ ထို​မြို့​သတ်​သော​သူ၏ အ​သွေး​သည် မြို့​အ​လယ်၌​ရှိ၏။ ထို​အ​သွေး​ကို မြေ​မှုန့်​နှင့်​ဖုံး​ခြင်း​ငှာ မြေ​ပေါ်​မှာ သွန်း​သည်​မ​ဟုတ်၊ ရှင်း​လင်း​သော ကျောက်​ပေါ်​မှာ တင်​ထား​ပြီ။

သင်​မ​သိ​မ​ကျွမ်း၊ နား​လည်​ခဲ​သော​စ​ကား၊ အ​လျှင်း​နား​မ​လည်​နိုင်​သော စ​ကား​ကို ပြော​တတ်​သော လူ​အ​မျိုး​မျိုး​တို့ ရှိ​ရာ​သို့ စေ​လွှတ်​သည်​မ​ဟုတ်။ အ​ကယ်၍ ထို​သို့​သော သူ​တို့​ရှိ​ရာ​သို့​စေ​လွှတ်​လျှင်၊ သင့်​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။

သို့​ရာ​တွင်၊ သူ​တို့​မျက်​နှာ​တစ်​ဖက်၌ သင်၏​မျက်​နှာ​ကို​လည်း​ကောင်း၊ သူ​တို့​န​ဖူး​တစ်​ဖက်၌ သင်၏​န​ဖူး​ကို​လည်း​ကောင်း ငါ​ခိုင်​ခံ့​စေ​ပြီ။

သူ​တို့​သည် နား​မ​ထောင်​ဘဲ လွတ်​အောင်​ရုန်း​ကြ၏။ မ​ကြား​စေ​ခြင်း​ငှာ နား​ကို ပိတ်​ကြ၏။

တ​ရား​စ​ကား​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထား​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း သူ​တို့​သည် မ​ကြား​စေ​ခြင်း​ငှာ၊ မိ​မိ​တို့​နှ​လုံး​ကို စိန်​ကျောက်​ကဲ့​သို့ မာ​စေ​ကြ၏။ ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန် အ​မျက်​ထွက်​တော်​မူ၏။

သင်​တို့၏​စ​ကား​ကို နား​ထောင်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်၏။ သင်​တို့​ကို ပယ်​သော​သူ​သည် ငါ့​ကို​ပယ်၏။ ငါ့​ကို​ပယ်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ပယ်​သည်​ဟု မိန့်​တော်​မူ၏။-

အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော​သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ၏။ သင်​မူ​ကား အ​လို​မ​ရှိ။-

ပြည်​သား​အ​ချို့​သည် ထို​အ​မတ်​ကို မ​နာ​လို၍၊ ထို​သူ၏ အ​အုပ်​အ​ချုပ်​ကို ငါ​တို့​မ​ခံ​လို​ပါ​ဟု တ​မန်​ကို သူ့​နောက်​သို့ စေ​လွှတ်​ကြ၏။-

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​အား လူ​များ​တို့​ပြော​ဆို​သ​မျှ​သော စ​ကား​ကို နား​ထောင်​လော့။ သူ​တို့​သည် သင့်​ကို​သာ​မ​ပယ်၊ ငါ​သည် သူ​တို့​ကို​မ​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ့​ကို​လည်း​ပယ်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ