Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 3:4

Judson Bible

တစ်​ဖန်၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​သွား၍ ငါ့​စ​ကား​ကို ဟော​ပြော​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​ခဲ့​ပြီး​သော အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို ငါ​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော သူ​တို့​အား ကြား​ပြော​လေ၏။

သို့​ဖြစ်၍ အို​လူ​သား၊ သူ​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။

အ​ချင်း​လူ​သား၊ ငါ့​ကို​ပုန်​ကန်​တတ်​သော အ​မျိုး​တည်း​ဟူ​သော၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​နှင့်​တ​ကွ ငါ​တို့​အ​စဉ်​ပုန်​ကန်၍၊ ပြစ်​မှား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်​မည်။

ရဲ​သော​မျက်​နှာ​နှင့် ခိုင်​မာ​သော နှ​လုံး​ရှိ​သော အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို ငါ​စေ​လွှတ်၍၊ သင်​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု သူ​တို့​အား​ပြော​ရ​မည်။

သူ​တို့​သည် အ​လွန်​ပုန်​ကန်​တတ်​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ငါ့​စ​ကား​ကို သူ​တို့​အား ဟော​ပြော​ရ​မည်။

သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ကို​အ​ထပ်​ထပ်​ပြစ်​မှား၍ ရှုတ်​ချ​ကြ​သည်​တ​ကား။

သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော သင်၏​အ​မျိုး​သား​ချင်း​တို့ ရှိ​ရာ​သို့​သွား၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ဟု၊ သူ​တို့​နား​ထောင်​သည် ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။

အ​ချင်း​လူ​သား၊ ငါ​ပေး​သော ဤ​စာ​လိပ်​ကို စား၍ ဝမ်း​ပြည့်​စေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည်​စား၍ ပါး​စပ်၌​ပျား​ရည်​ကဲ့​သို့ ချို၏။

သင်​မ​သိ​မ​ကျွမ်း၊ နား​လည်​ခဲ​သော စ​ကား​ကို ပြော​တတ်​သော လူ​မျိုး​ရှိ​ရာ​သို့ သင့်​ကို ငါ​စေ​လွှတ်​သည် မ​ဟုတ်။ ဣ​သ​ရေ​လ အ​မျိုး​ရှိ​ရာ​သို့ စေ​လွှတ်၏။

ကိုယ်​တော်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင် ပျောက်​လွင့်​သော သိုး​များ​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​ရှိ​ရာ​သို့ ငါ့​ကို​မ​စေ​လွှတ်​ဟု မိန့်​တော်​မူ၏။-

ထို​သို့​မ​ရှိ​သော်​လည်း၊ သင်​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဆင်း​သက်​သော​အ​ခါ သင်​တို့​သည် တန်​ခိုး​ကို​ခံ​ရ၍ ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​သက်​သေ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ