Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 3:20

Judson Bible

တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ဖောက်​ပြန်၍ ဒု​စ​ရိုက်​ကို​ပြု​လျှင်​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ကို သူ့​ရှေ့​မှာ ငါ​ထား​လျှင်​လည်း​ကောင်း သူ​သည် သေ​လိမ့်​မည်။ သင်​သည် သ​တိ​မ​ပေး​သော​ကြောင့်၊ သူ​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ​ကျင့်​ဖူး​သော တ​ရား​ကို ပ​မာ​ဏ​မ​ပြု​ရ။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

41 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ယော​ရှ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။

ထာ​ဝ​ရ​ဘု​ရား​သည် အာ​မ​ဇိ​ကို​အ​မျက်​ထွက်၍၊ ပ​ရော​ဖက်​ကို စေ​လွှတ်​တော်​မူ​သည်​ကား၊ မိ​မိ​လူ​တို့​ကို ရန်​သူ​လက်​မှ မ​ကယ်​နိုင်​သော တစ်​ပါး​အ​မျိုး​သား​ဘု​ရား​တို့​ကို အ​ဘယ်​ကြောင့်​ဆည်း​ကပ်​သ​နည်း​ဟု ပြော​ဆို​လျှင်၊

တ​ရား​တော်​ကို​နှစ်​သက်​သော​သူ​တို့၌ ကြီး​စွာ​သော​ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ၏။ သူ​တို့ စိတ်​ပျက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ပါ။

ကောက်​သော​လမ်း​များ​သို့ လွှဲ​သွား​သော​သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​နှင့်​အ​တူ ထုတ်​သွား​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ​စေ​သော။

သူ​ပြော​သော​စ​ကား​သည် အ​ဓ​မ္မ​စ​ကား၊ လှည့်​စား​သော​စ​ကား​ဖြစ်၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော​ပ​ညာ​ကို စွန့်​လေ​ပြီ။

နား​ထောင်​တတ်​သော​သူ​ကို လျောက်​ပတ်​စွာ ဆုံး​မ​တတ်​သော​သူ​သည် ရွှေ​နား​တောင်း​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။

အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် စင်​ကြယ်​ခြင်း​မ​ရှိ​ပါ။ ပြု​ဖူး​သ​မျှ​သော ကု​သိုလ်​ကောင်း​မှု​တို့​သည် ညစ်​သော​အ​ဝတ်​နှင့် တူ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့ ရှိ​သ​မျှ​သည် သစ်​ရွက်​ကဲ့​သို့ ညှိုး​နွမ်း​လျက်​ရှိ၍၊ ကိုယ်​အ​ပြစ်​တို့​သည် လေ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို တိုက်​သွား​ပါ​ပြီ။

ထို​သို့​ပြု​လျှင်၊ ထို​ဘု​ရား​သည် သင်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​နှစ်​မျိုး​တို့ ထိ​မိ၍​လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ ကျော့​ကွင်း​နှင့် ထောင်​ချောက် ဖြစ်​တော်​မူ​လိမ့်​မည်။

တစ်​ဖန် ပြောင်း​လဲ၍ ငါ၏​နာ​မ​ကို​ရှုတ်​ချ​လျက်၊ အ​သီး​အ​သီး ရှင်း​ရှင်း​လွှတ်​ဖူး​သော ကျွန်​ယောက်ျား မိန်း​မ​တို့​ကို ခေါ်​ပြန်၍ အ​စေ​ကျွန်​ခံ​စေ​ကြ​ပြီ​တ​ကား။

ထို​အ​ကြောင်း​ကြောင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထိ​မိ၍ လဲ​စ​ရာ​တို့​ကို ဤ​လူ​မျိုး​ရှေ့​မှာ ငါ​ထား​မည်။ အ​ဘ​နှင့် သား​တို့​သည် ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ အိမ်​နီး​ချင်း​နှင့် အ​ဆွေ​ခင်​ပွန်း​တို့​သည် အ​တူ​ပျက်​စီး​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ ဤ​လူ​တို့​သည် ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​များ​ကို တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို ထား​ကြ​ပြီ။ သူ​တို့​မေး​လျှောက်​ခြင်း​ကို ငါ​ခံ​ရ​မည်​လော။

သို့​ရာ​တွင် တ​ရား​သော​သူ​သည် ဖောက်​ပြန်၍၊ အ​ဓ​မ္မ​အ​မှု​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို​လည်း​ကောင်း​ပြု​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​ရင်​ပြု​သ​မျှ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​တို့​ကို မ​မှတ်၊ သူ​သည် လွန်​ကျူး​သော​အ​မှု၊ ပြစ်​မှား​သော​အ​ပြစ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

တ​ရား​သော​သူ​သည် တ​ရား​သော​အ​မှု​ကို​ပယ်၍ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လျှင်၊ ထို​အ​မှု​ကြောင့် သေ​ရ​မည်။ ပြု​မိ​သော​အ​ဓ​မ္မ​အ​မှု​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။

သင်​သည် အ​မှန်​သေ​လိမ့်​မည်​ဟု၊ လူ​ဆိုး​အား ငါ​ပြော​လျက်​နှင့် သင်​သည် သ​တိ​မ​ပေး၊ လူ​ဆိုး၏ အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ လူ​ဆိုး​အား သ​တိ​ပေး​သော​စ​ကား​ကို မ​ပြော​ဘဲ​နေ​လျှင် ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။

ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကို စွန့်၍ ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ထို​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ​လိမ့်​မည်။

သို့​မ​ဟုတ် ကင်း​စောင့်​ထား​သော​သူ​သည် ဓား​ဘေး​ရောက်​ကြောင်း​ကို မြင်​လျက် တံ​ပိုး​မ​မှုတ်၊ ပြည်​သား​တို့​အား အ​သိ​မ​ပေး​သော​ကြောင့် ဓား​ဘေး​ရောက်၍ တစ်​စုံ​တစ်​ယောက်​သော​သူ အ​သက်​ဆုံး​လျှင်၊ ထို​သူ​သည် မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​သော်​လည်း၊ သူ၏​အ​သက်​ကို ကင်း​စောင့်​သော​သူ၌ ငါ​တောင်း​မည်။

သူ​တို့​ငွေ​ကို လမ်း​သို့​ပစ်၍၊ ရွှေ​ကို ညစ်​ညူး​သော​အ​ရာ​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကာ​လ၌၊ သူ​တို့ ရွှေ​ငွေ​သည် သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်။ သူ​တို့ အ​လို​ဆ​န္ဒ​ကို မ​ဖြေ​နိုင်။ ဝ​စွာ မ​ကျွေး​နိုင်။ အ​ကြောင်း​မူ​ကား၊ ထို​ရွှေ​ငွေ​သည် သူ​တို့​ထိ​မိ၍ မှား​ယွင်း​ခြင်း​အ​ကြောင်း ဖြစ်​သ​တည်း။

အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ နား​တော်​ကို​လှည့်၍ နား​ထောင်​တော်​မူ​ပါ။ မျက်​စိ​တော်​ကို​ဖွင့်၍ အ​ကျွန်ုပ်​တို့ ပျက်​စီး​ရာ​များ​ကို​လည်း​ကောင်း၊ နာ​မ​တော်​ဖြင့် သ​မုတ်​သော​မြို့​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​ကု​သိုလ်​ကို အ​မှီ​မ​ပြု၊ မ​ဟာ​က​ရု​ဏာ​တော်​ကို​သာ အ​မှီ​ပြု၍ ပ​တ္ထ​နာ​စ​ကား​ကို ရှေ့​တော်၌ ဆက်​ကပ်​ပါ၏။

သင်၏​ညီ​အစ်​ကို​ကို စိတ်​အ​ခု​အ​ခံ​မ​ရှိ​ရ။ ကိုယ်​နှင့် စပ်​ဆိုင်​သော​သူ၌​ရှိ​သော​အ​ပြစ်​ကို တတ်​တိုင်း​မ​ရှိ​စေ​ဘဲ၊ သူ့​ကို​အ​မှန်​ဆုံး​မ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား၏ နောက်​တော်​သို့​မ​လိုက်၊ ဆုတ်​သွား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​ဖွေ၊ မ​မေး​မြန်း​သော သူ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှင်း​မည်။

ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။-

ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-

ကောင်း​သော​မြေ၌ ရှိ​သော​သူ​ကား၊ ဖြောင့်​မတ်​စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့် တ​ရား​စ​ကား​ကို​ကြား​လျှင်၊ စွဲ​လမ်း​သော​အား​ဖြင့် မြဲ​မြံ​စွာ အ​သီး​သီး​သော​သူ​ကို ဆို​လို​သ​တည်း။

ဒါ​ဝိဒ်၏​စ​ကား ဟူ​မူ​ကား၊ သူ​တို့​စား​ပွဲ​သည် သူ​တို့၌ ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ဂျမ်း​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း၊ ခံ​ထိုက်​သော အ​ပြစ်​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။-

ငါ​တို့​မူ​ကား၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော ခ​ရစ်​တော်၏ အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ကြ၏။ ထို​အ​ကြောင်း​အ​ရာ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ဖြစ်၏။ တစ်​ပါး​အ​မျိုး​သား၌​ကား၊ မိုက်​မဲ​ခြင်း​ဖြစ်၏။-

ထို​ပ​ရော​ဖက်​ပြု​သော​သူ၊ အိပ်​မက်​ကို​မြင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ချစ်​သည်​မ​ချစ်​သည်​ကို၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စုံ​စမ်း​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။ သို့​သော်​လည်း၊ ရွေ့​လျော့​လျှင်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် ထို​သူ​ကို အား​ရ​နှစ်​သက်​ခြင်း​မ​ရှိ​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ၏။-

သင်​တို့​ကို အုပ်​သော​သူ​တို့၏ စ​ကား​ကို နား​ထောင်၍ နှိမ့်​ချ​လျက်​နေ​ကြ​လော့၊ သူ​တို့​သည် ကိုယ်​တိုင် စစ်​ကြော​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ စောင့်​နေ​ကြ​၏။ သင်​တို့​အ​ကျိုး​ကို မ​ဖြစ်​စေ​တတ်​သော ဝမ်း​နည်း​ခြင်း​မ​ရှိ၊ ဝမ်း​မြောက်​ခြင်း​ရှိ၍၊ သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း သ​တိ​ပြု​လျက်​နေ​ကြ​လော့။-

နား​မ​ထောင်​ဘဲ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိ​မိ၍ လဲ​သော​သူ​တို့​သည် ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​လည်း ဖြစ်၏။ ထို​အ​မှု​နှင့် တွေ့​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ခန့်​ထား​တော်​မူ​သ​တည်း။

ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ