Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 27:32

Judson Bible

ပင်​လယ်​အ​လယ်၌ ဆုံး​သော​မြို့​တည်း​ဟူ​သော တု​ရု​မြို့​နှင့် အ​ဘယ်​မြို့​တူ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အို ခ​ရီး​သွား​သော​သူ အ​ပေါင်း​တို့၊ ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ အ​မျက်​တော်​ထွက်​သော​နေ့၌ ငါ့​ကို​ညှဉ်း​ဆဲ၍၊ ဖြစ်​စေ​တော်​မူ​သော ဒု​က္ခ​နှင့်​တူ​သော ဒု​က္ခ​ရှိ​သ​လော။

အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ သင်၏​အ​မှု၌​အ​ဘယ်​သက်​သေ​ကို ငါ​ပြ​ရ​မည်​နည်း။ အို​ဇိ​အုန်​သ​တို့ သ​မီး​က​ညာ၊ သင့်​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ သင်​နှင့်​အ​ဘယ်​သူ​ကို ငါ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သင်၏​ပြို​ပျက်​ရာ​သည် သ​မု​ဒ္ဒ​ရာ​ကဲ့​သို့ ကျယ်​သော​ကြောင့် အ​ဘယ်​သူ ပြု​ပြင်​နိုင်​သ​နည်း။

သင်၏​ဥ​စ္စာ​ကို လု​ယူ၍ သင်၏​ကုန်​များ​ကို​လည်း သိမ်း​ယူ​ကြ​လိမ့်​မည်။ သင်၏​အုတ်​ထ​ရံ​တို့​ကို ဖြို၍​ဘုံ​ဗိ​မာန်​တို့​ကို ဖျက်​ပြီး​လျှင်၊ သင်၏​ကျောက်၊ သစ်​သား၊ မြေ​တို့​ကို ရေ​ထဲ​မှာ​ချ​ပစ်​ကြ​လိမ့်​မည်။

သူ​တို့​က​လည်း၊ အို ကျော်​စော​သော​မြို့၊ ပင်​လယ်​သား​နေ၍ ပင်​လယ်၌ အား​ကြီး​သော​မြို့၊ ပင်​လယ်​သား​အ​ပေါင်း​တို့ ရို​သေ​ဖွယ်​သော မြို့​သား​နှင့် ပြည့်​စုံ​သော​မြို့၊ သင်​သည် အ​လွန်​ပျက်​စီး​လေ​ပြီ​တ​ကား​ဟု သင့်​အား​ဆို​လျက်၊ သင့်​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ တု​ရု​မြို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

ယ​ခု​မူ​ကား၊ သင်၏​တက်​ခတ်​သား​တို့​သည် သင့်​ကို ကြီး​စွာ​သော​ရေ​ထဲ​သို့ ဆောင်​သွား၍၊ အ​ရှေ့​လေ​သည်​လည်း ပင်​လယ်​အ​လယ်၌ ချိုး​လေ​ပြီ။

အ​ချင်း​လူ​သား၊ တု​ရု​ရှင်​ဘု​ရင်​အ​တွက် မြည်​တမ်း​သော စ​ကား​ကို​မြွက်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ထူး​ဆန်း​သော​တံ​ဆိပ် ဖြစ်၏။ ပ​ညာ​နှင့်​ပြည့်​စုံ၍ တင့်​တယ်​ခြင်း​အ​သ​ရေ​လည်း စုံ​လင်​လျက်​ရှိ၏။

သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို​မြင်​လျှင်၊ ထို​မြို့​နှင့် အ​ဘယ်​မြို့ တူ​သ​နည်း​ဟူ၍​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ