သင့်အဖို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့်မည်။ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ ပြာ၌လူးကြလိမ့်မည်။
သုံးရက်မြောက်သောနေ့တွင် လူတစ်ယောက်သည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာ ပျပ်ဝပ်လျက်ရှိခိုး၏။
ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကိုမသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ ကျရောက်စေခြင်းငှာ၊ မိုးကောင်းကင်သို့ ပစ်တင်ကြ၏။
ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။
အို သိုးထိန်းတို့၊ ငိုကြွေး အော်ဟစ်ကြလော့။ အို သိုးကြီးသိုးမြတ်တို့၊ ပြာ၌လူးလည်းလျက် နေကြလော့။ သင်တို့ကို သတ်ရသောအချိန် ရောက်လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဖိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။
အို ငါ၏လူမျိုးသတို့သမီး၊ လျှော်တေအဝတ်ကို ဝတ်စည်း၍ ပြာ၌လူးလည်းလော့။ တစ်ယောက်တည်းသောသားသေသည်ကို ငိုကြွေးသကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာမြည်တမ်းလော့။ လုယူဖျက်ဆီးသောသူသည် ငါတို့ကို ချက်ချင်းတိုက်လိမ့်မည်။
ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ်စွာနေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်းကို ငိုက်ဆိုက်ညွှတ်လျက် နေကြ၏။
သူတို့ကလည်း၊ အို ကျော်စောသောမြို့၊ ပင်လယ်သားနေ၍ ပင်လယ်၌ အားကြီးသောမြို့၊ ပင်လယ်သားအပေါင်းတို့ ရိုသေဖွယ်သော မြို့သားနှင့် ပြည့်စုံသောမြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အားဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။
နိနေဝေမင်းကြီးသည် ထိုသတင်းကိုကြားသောအခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကိုချွတ်ပြီးမှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။
ဂါသမြို့၌ သတင်းမပြောကြနှင့်။ အလျှင်းမငိုကြွေးကြနှင့်။ ဗေသောဖရာမြို့မှာ မြေမှုန့်၌ လူးလဲလျက် နေကြလော့။
ဗင်္ယာမိန် အမျိုးသားတစ်ယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ထိုနေ့ချင်းတွင် ရှိလောမြို့သို့ ရောက်လေ၏။