Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 26:7

Judson Bible

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘု​ရင်​တို့၏​ဘု​ရင်​တည်း​ဟူ​သော မြောက်​မျက်​နှာ​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​ကို၊ မြင်း​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ လူ​များ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ တု​ရု​မြို့​သို့ ငါ​ဆောင်​ခဲ့​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဘု​ရင်​တို့၏​ဘု​ရင် အာ​တ​ဇေ​ရဇ်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့် တ​ရား​ကျမ်း​တတ်​ဆ​ရာ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ၌ ခပ်​သိမ်း​သော မင်္ဂ​လာ​ဖြစ်​စေ​သော​ဟူ၍ ဤ​မည်​သော​ကာ​လ​တွင် မှာ​လိုက်၏။

သူ​သည် အ​ဘယ်​သို့​ဆို​သ​နည်း​ဟူ​မူ​ကား၊ ငါ၏​မှူး​မတ်​တို့​သည် မင်း​ကြီး​ဖြစ်​ကြ​သည် မ​ဟုတ်​လော။

တု​ရု​မင်း​အ​ပေါင်း၊ ဇိ​ဒုန်​မင်း​အ​ပေါင်း၊ ပင်​လယ်​တစ်​ဖက်၌ အ​စိုး​ရ​သော​မင်း​များ၊

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

လာ​သော​မင်း​သည် မိုး​တိမ်​ကဲ့​သို့ လာ​လိမ့်​မည်။ သူ၏​ရ​ထား​တို့​သည် လေ​ပွေ​ကဲ့​သို့​ဖြစ်​ကြ၏။ သူ၏​မြင်း​တို့​သည် ရွှေ​လင်း​တ​ထက် သာ၍ လျင်​မြန်​ကြ၏။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။

ခြင်္သေ့​သည် မိ​မိ​နေ​ရာ​ခြုံ​ထဲ​က ထွက်​လာ​ပြီ။ တိုင်း​နိုင်​ငံ​တို့​ကို ဖျက်​ဆီး​သော​သူ​သည် လမ်း၌​လာ​ဆဲ​ရှိ၏။ သင်၏​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ​သည် မိ​မိ​နေ​ရာ​မှ ထွက်​လာ​သည်​ဖြစ်၍၊ သင်၏​မြို့​တို့​သည် လူ​မ​နေ​နိုင်​အောင်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

ကောင်း​မွန်​စွာ​နှုတ်​ဆက်၍ သူ၏​ပ​လ္လင်​ကို ဗာ​ဗု​လုန်​မြို့​မှ အ​ထံ​တော်၌​ရှိ​သော မင်း​ကြီး​များ​ထိုင်​ရာ ပ​လ္လင်​တို့​ထက် ချီး​မြှင့်​လေ၏။

လေး​နှင့်​လှံ​တို့​ကို လက်​စွဲ​ကြ၏။ ကြမ်း​ကြုတ်​သော​အ​မျိုး​ဖြစ်၍၊ သ​နား​ခြင်း​က​ရု​ဏာ မ​ရှိ။ သူ​တို့​စ​ကား​သံ​သည် သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ ဟုန်း​တတ်၏။ အို ဇိ​အုန်​သ​တို့​သ​မီး၊ စစ်​သူ​ရဲ​ကဲ့​သို့ တပ်​ခင်း​ကျင်း​လျက် မြင်း​စီး၍၊ သင်​ရှိ​ရာ​သို့ ချီ​လာ​ကြ​လိမ့်​မည်။

ထို​နိုင်​ငံ​သည်​ယုတ်​ညံ့၍ နောက်​တစ်​ဖန်​မ​ထ​မ​ကြွ​ဘဲ၊ သ​စ္စာ​တော်​ကို စောင့်​သော​အား​ဖြင့်​သာ​တည်​စေ​ခြင်း​ငှာ၊ အား​ကြီး​သော​နိုင်​ငံ​သား​တို့​ကို​လည်း သိမ်း​သွား​ပြီ။

စစ်​တိုက်​လက်​နက်​နှင့် လှည်း​ရ​ထား​ပါ​လျက်၊ လူ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ လာ၍ ဒိုင်း၊ လွှား၊ သံ​ခ​မောက်​လုံး​တို့​ကို သင့်​ပတ်​လည်၌ ခင်း​ကျင်း​ကြ​လိမ့်​မည်။ တ​ရား​စီ​ရင်​သော​အ​ခွင့်​ကို သူ​တို့၌​ငါ​အပ်​ပေး၍၊ သူ​တို့​သည် မိ​မိ​ထုံး​စံ​အ​တိုင်း စီ​ရင်​ကြ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​တု​ရု​မြို့၊ သင့်​တစ်​ဖက်​၌ ငါ​နေ၏။ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​တက်​သ​ကဲ့​သို့၊ လူ​အ​မျိုး​မျိုး​တို့​သည် သင့်​ကို​တက်၍ တိုက်​စေ​မည်။

ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို သင်​ရှိ​ရာ​သို့ ငါ​ပို့​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ပ​ညာ​ဂုဏ်​ကို ဓား​နှင့်​ခုတ်၍၊ သင်၏​တင့်​တယ်​ခြင်း အ​သ​ရေ​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်။

အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည် ဘု​ရင်​တို့၏ ဘု​ရင်​ဖြစ်​တော်​မူ၏။ ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​သည် နိုင်​ငံ​နှင့်​တ​ကွ တန်​ခိုး​အာ​နု​ဘော်​အ​စွမ်း​သ​တ္တိ ဘုန်း​အ​သ​ရေ​ကို ကိုယ်​တော်​အား ပေး​တော်​မူ​ပြီ။

ကိုယ်​တော်​သည် ဤ​နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​နိုင်​သည်​ဖြစ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ဘု​ရား​တို့၏​ဘု​ရား၊ ဘု​ရင်​တို့၏​အ​ရှင်၊ နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​တော်​မူ​သော​သ​ခင် ဖြစ်​တော်​မူ၏​ဟု မိန့်​တော်​မူ၍၊

တစ်​ပါး​အ​မျိုး​သား​တို့​အား ငှား​သော်​လည်း၊ ချက်​ချင်း​လူ​များ​ကို ငါ​စု​ဝေး​စေ​မည်။ မ​ကြာ​မ​မြင့်​မီ ရှင်​ဘု​ရင်​နှင့် မင်း​များ​တင်​သော​ဝန်​ကို ပင်​ပန်း​စွာ ထမ်း​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ