ပင်လယ်အလယ်၌ ပိုက်ကွန်လှန်းရာအရပ် ဖြစ်လိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ လူမျိုးလုယူရာ ဖြစ်ရလိမ့်မည်။
ငါသည် သင့်ကိုတိုက်၍၊ လူအမျိုးမျိုးလုယူဖို့ရာအပ်မည်။ လူနေရာအတိုင်းတိုင်းအပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ပိုက်ကွန်လှန်းရာအရပ်ဖြစ်ရလိမ့်မည်။ နောက်တစ်ဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမနေသောမြို့ကဲ့သို့ ငါသည် သင့်ကိုဆိတ်ညံစေလျက်၊ ပင်လယ်ကို သင့်အပေါ်သို့ဆောင်ခဲ့၍၊ လှိုင်းတံပိုးတို့သည် သင့်ကိုလွှမ်းမိုးသောအခါ၊
ပင်လယ်အလယ်၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း။
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအား ငါပေးမည်။ ထိုမင်းသည် ပြည်သား အလုံးအရင်းကိုလည်းကောင်း၊ လက်ရဥစ္စာ အမျိုးမျိုးကိုလည်းကောင်း၊ သိမ်းယူပြီးလျှင်၊ မိမိစစ်သူရဲတို့ အခဖို့ ဝေငှလိမ့်မည်။
အိုင်နားမှာ တံငါတို့သည်ရပ်၍၊ အင်္ဂေဒိရွာမှစ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာအရပ် ဖြစ်လိမ့်မည်။ ငါးအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။