Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 24:3

Judson Bible

ပုန်​ကန်​တတ်​သော အ​မျိုး​အား​လည်း ပုံ​စ​ကား​တည်း​ဟူ​သော၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အိုး​ကင်း​ကို မီး​ဖို၌​တင်​ထား၍ ရေ​ကို​လောင်း​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​ပြည်၌​အ​စာ​ခေါင်း​ပါး၏။ ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ ပ​ရော​ဖက်​အ​မျိုး​သား​တို့​အ​ဖို့ ကြီး​သော​အိုး​ကင်း​ကို​ပြင်၍ ဟင်း​ချက်​လော့​ဟု မိ​မိ​ကျွန်​အား​ဆို၏။

ပုံ​စ​ကား​ကို ငါ​မြွက်​ဆို၍၊ ရှေး​ကာ​လ၏ နက်​နဲ​သော​အ​ရာ​များ​ကို ဖော်​ပြ​ပေ​အံ့။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဖြစ်​၍၊ အို ကောင်း​ကင်၊ ကြား​လော့။ အို​မြေ​ကြီး၊ နား​ထောင်​လော့။ မိန့်​တော်​မူ​ချက်​ဟူ​မူ​ကား၊ ငါ​ကျွေး​မွေး​ပြု​စု​သော သား​သ​မီး​တို့​သည် ငါ့​ကို​ပုန်​ကန်​ကြ​ပြီ။

သို့​ရာ​တွင်၊ အ​ရေ​လ​မြို့​ကို ငါ​ဆင်း​ရဲ​စေ၍၊ ထို​မြို့​သည် ဝမ်း​နည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​ရှိ​သော်​လည်း၊ အ​ရေ​လ​မြို့​ကဲ့​သို့ ငါ့​ရှေ့​မှာ ဖြစ်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပုန်​ကန်​သော​အ​မျိုး​သား​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့​သည် ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။ ငါ့​ဝိ​ညာဉ်​အ​ခွင့်​မ​ရှိ​ဘဲ မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​ထပ်​ထပ်​အ​ပြစ် ရောက်​ကြ၏။

ဤ​လူ​မျိုး​သည် ပုန်​ကန်​တတ်၏။ ဖောက်​ပြန်​သော​အ​မျိုး​သား၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို နာ​ယူ​ခြင်း​ငှာ အ​လို​မ​ရှိ​သော အ​မျိုး​သား​ဖြစ်​ကြ၏။

သူ​တို့​သည်​လည်း ပုန်​ကန်​၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နာ​စေ​ကြ၏။ ထို​ကြောင့်၊ သူ​တို့​ကို ရန်​ဘက်​ပြု၍ စစ်​တိုက်​တော်​မူ​၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ငါ့​ဆီ​သို့​ရောက်၍၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဆူ​ပွက်​သော​အိုး​ကင်း​ကို မြင်​ပါ၏။ မြောက်​ဘက်​သို့ မျက်​နှာ​ပြု​လျက်​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​က၊ မြောက်​မျက်​နှာ​ဘက်​က ဘေး​ဥ​ပဒ်​သည်၊ ဤ​ပြည်​သား​တို့​အ​ပေါ်​သို့ ထွက်​လာ​လိမ့်​မည်။

ဤ​မြို့​သည် သင်​တို့၏ အိုး​ကင်း​မ​ဖြစ်​ရ၊ သင်​တို့​သည်​လည်း၊ အိုး​ကင်း၌ အ​မဲ​သား​မ​ဖြစ်​ရ​ကြ။ ဣ​သ​ရေ​လ​ပြည်​စွန်း​မှာ ငါ​စစ်​ကြော​စီ​ရင်​သ​ဖြင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

သူ​တို့​က၊ အ​မှု​မ​ရောက်​သေး။ အိမ်​ဆောက်​ကြ​ကုန်​အံ့။ ဤ​မြို့​သည် အိုး​ကင်း၊ ငါ​တို့​သည် အ​မဲ​သား​ဖြစ်​သည်​ဟု ဆို​တတ်​ကြ၏။

ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ထား​သော သူ​ရဲ​တို့​သည် အ​မဲ​သား​ဖြစ်၏။ ဤ​မြို့​သည် အိုး​ကင်း​ဖြစ်၏။ သို့​သော်​လည်း၊ သင်​တို့​ကို မြို့​ထဲ​က​ငါ​ထုတ်​မည်။

အ​ချင်း​လူ​သား၊ သင်​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ထဲ​မှာ​နေ၏။ သူ​တို့​သည် မြင်​ရ​သော မျက်​စိ​ရှိ​သော်​လည်း မ​မြင်​တတ်။ ကြား​ရ​သော နား​ရှိ​သော်​လည်း မ​ကြား​တတ်။ ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်​ကြ၏။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​ပြော​လျှင်၊ ပြော​သည်​အ​တိုင်း ပြည့်​စုံ​လိမ့်​မည်။ ပြည့်​စုံ​ချိန်​လည်း မ​ရွေ့​ရ။ အ​ချင်း​ပုန်​ကန်​တတ်​သော​အ​မျိုး၊ သင်​တို့​လက်​ထက်၌ ငါ​ပြော​မည်။ ပြော​သည်​အ​တိုင်း​လည်း ပြည့်​စုံ​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘုရား မိန့်​တော်​မူ​၏။

ပုန်​ကန်​တတ်​သော အ​မျိုး​အား​သင်​ပြော​ရ​မည်​မှာ၊ ဤ​စ​ကား အ​ဘယ်​သို့​ဆို​လို​သည်​ကို နား​လည်​ကြ​သ​လော။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ယေ​ရု​ရှ​လင်​ရှင်​ဘု​ရင်​နှင့် မှူး​တော်​မတ်​တော်​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ပြီ။

အ​ချင်း​လူ​သား၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​အား စ​ကား​ထာ​ဝှက်၍​ပုံ​ပြော​လျက်၊

ထို​သို့​ဆို​သော​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ထဲ​သို့​ဝင်၍ မတ်​တတ်​နေ​စေ​သ​ဖြင့်၊ ငါ​နှင့်​ပြော​သော​သူ၏ စ​ကား​ကို ငါ​ကြား​သည်​ကား၊

အ​ချင်း​လူ​သား၊ ငါ့​ကို​ပုန်​ကန်​တတ်​သော အ​မျိုး​တည်း​ဟူ​သော၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​နှင့်​တ​ကွ ငါ​တို့​အ​စဉ်​ပုန်​ကန်၍၊ ပြစ်​မှား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်​မည်။

သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​တွင် ပ​ရော​ဖက်​ရှိ​သည်​ကို သိ​ရ​ကြ​မည်။

အ​ချင်း​လူ​သား၊ သင်​သည် ဆူး​ပင်​အ​မျိုး​မျိုး​နှင့် တွေ့၍၊ ကင်း​မြီး​ကောက်​တို့​တွင် နေ​ရ​သော်​လည်း သူ​တို့​ကို မ​ကြောက်​နှင့်။ သူ​တို့​စ​ကား​ကို​လည်း မ​ကြောက်​နှင့်။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သူ​တို့​စ​ကား​ကို မ​ကြောက်​နှင့်။ သူ​တို့ မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်။

အ​ချင်း​လူ​သား၊ ငါ​ပြော​သော​စ​ကား​ကို နား​ထောင်​လော့။ ထို​ပုန်​ကန်​တတ်​သော အ​မျိုး​ကဲ့​သို့ ပုန်​ကန်​သော​သ​ဘော မ​ရှိ​နှင့်။ သင့်​ပါး​စပ်​ကို ဖွင့်၍ ငါ​ပေး​သော​အ​ရာ​ကို စား​လော့​ဟု မိန့်​တော်​မူ​လျှင်၊

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​က၊ ဤ​သူ​သည် ပုံ​ပ​မာ​ကို​သာ​ဆောင်၍ ဟော​ပြော​တတ်​သည်​မ​ဟုတ်​လော​ဟု၊ အ​ကျွန်ုပ်​ကို​ရည်​မှတ်၍ ဆို​တတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​အ​သက်​ကို သတ်​တတ်​သော​မြို့၊ သံ​ချေး​တက်၍ ရှိ​သေး​သော အိုး​ကင်း​သည် အ​မင်္ဂ​လာ​ရှိ၏။ သား​တစ်​တို့​ကို တစ်​ခု​နောက်​တစ်​ခု ထုတ်​လော့။ စာ​ရေး​တံ​မ​ပြု​နှင့်။

သင်၏​န​ဖူး​ကို ကျောက်​ထက်​မ​က၊ စိန်​ထက်​သာ၍ ခိုင်​မာ​စေ​ပြီ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သင်​သည် မ​ကြောက်​နှင့်။ သူ​တို့​မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်​ဟု မိန့်​တော်​မူ၏။

ထို​ကာ​လ​တွင် သင်​တို့​တစ်​ဖက်၌ ပုံ​စ​ကား​ကို​သုံး၍၊ အ​လွန်​ပြင်း​စွာ မြည်​တမ်း​ရ​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့​သည် ရှင်း​ရှင်း ပျက်​စီး​ကြ​ပြီ။ ငါ့​အ​မျိုး​သား​ခံ​စား​ရ​သော အ​ဖို့​ကို​လဲ၍ ငါ့​လက်​မှ ရုပ်​တော်​မူ​ပြီ​တ​ကား။ ငါ​တို့ လယ်​ကွက်​များ​ကို ရုပ်​သိမ်း၍၊ သူ​တစ်​ပါး​တို့​အား ဝေ​ဖန်​တော်​မူ​ပြီ။

ထို​သူ​တို့​သည် မိ​မိ​တို့​ကို​ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို သိ​သော​ကြောင့်၊ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း စု​ဝေး​သော​သူ​တို့​ကို ကြောက်​သော​ကြောင့် အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။

ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။

လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ