ယေဇကျေလ 22:9Judson Bibleသင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာ စားသောသူ၊ အဓမ္မအမှုကိုပြုသောသူ ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင်ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်း ရှိရစ်စေကြလိမ့်မည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကိုပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှားရလိမ့်မည်။
သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍ ချွေးမတို့သည် မျောက်မထားသော်လည်း ငါမစစ်ကြော၊ အကြောင်းမူကား၊ ယောက်ျားတို့သည် ကိုယ်မယားကိုစွန့်ပစ်၍ ပြည့်တန်ဆာတို့နှင့် ပေါင်းဖော်တတ်ကြ၏။ မိန်းမရွှင်တို့နှင့်အတူ ယဇ်ပူဇော်တတ်ကြ၏။ သို့ဖြစ်၍ ပညာမရှိသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။
သင်တို့ကို စစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှားကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။
ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကိုသတ်စေခြင်းငှာ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသောစိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ဘိသိက်ခံသူ ဖြစ်တော်မူသောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါသည် လက်ကိုမဆန့်ဟု အကြံရှိပါ၏။