Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 22:4

Judson Bible

သင်​သည် လူ​အ​သက်​ကို သတ်​သော​အား​ဖြင့် အ​ပြစ်​ရောက်၏။ လုပ်​သော​ရုပ်​တု​အား​ဖြင့် ညစ်​ညူး​ခြင်း​ရှိ၏။ သင်၏ နေ့​ရက်​ကာ​လ​အ​ချိန်​ကို ကိုယ်​တိုင်​ရောက်​စေ​ပြီ။ ထို​ကြောင့်၊ ငါ​သည် သင့်​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် ကဲ့​ရဲ့​ရာ၊ ပျက်​ချော်​ရာ​ဖြစ်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​ပေး​သော​ပြည်​မှ ငါ​ပယ်​ဖြတ်​မည်။ ငါ့​နာ​မ​ဖို့ ငါ​သန့်​ရှင်း​စေ​သော ဤ​အိမ်​တော်​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည်​လည်း တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပုံ​ခိုင်း​ရာ​ကဲ့​ရဲ့​ရာ​ဖြစ်​ရ​လိမ့်​မည်။

မ​နာ​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ယု​ဒ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော အ​ပြစ်​မှ​တစ်​ပါး အ​ပြစ်​မ​ရှိ​သော သူ​အ​များ​တို့​ကို​သတ်၍ ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် သူ​တို့​အ​သွေး​နှင့် ပြည့်​စေ​ခြင်း​ငှာ​ပြု၏။

ငါ​ပေး​သော​ပြည်​မှ သူ​တို့​ကို အ​မြစ်​နှင့်​တ​ကွ ငါ​နုတ်​ပစ်​မည်။ ငါ့​နာ​မ​အ​ဖို့ ငါ​သန့်​ရှင်း​စေ​သော ဤ​အိမ်​တော်​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပုံ​ခိုင်း​ရာ​ကဲ့​ရဲ့​ရာ ဖြစ်​စေ​မည်။

အ​ကျွန်ုပ်​တို့​သည် အိမ်​နီး​ချင်း​များ ကဲ့​ရဲ့​ရာ၊ ပတ်​ဝန်း​ကျင်၌ နေ​သော​သူ​များ​ပြက်​ရယ်​ပြု၍ အ​ရှက်​ခွဲ​ရာ ဖြစ်​ကြ​ပါ၏။

ထို​သို့​ပြု၍ မိ​မိ​တို့​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ်၊ အ​စဉ်​ကဲ့​ရဲ့​သံ​ကြား​ရာ​အ​ရပ် ဖြစ်​စေ​သ​ဖြင့်၊ လမ်း၌​လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည်​အံ့​ဩ၍၊ မိ​မိ​တို့​ခေါင်း​ကို ညိတ်​ကြ​လိမ့်​မည်။

သူ​တို့​သည် ငါ​နှင်​ရာ​အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​ခြင်း၊ ပုံ​ခိုင်း​ခြင်း၊ ဆဲ​ရေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို ခံ​ရ​မည်​အ​ကြောင်း၊ ငါ​သည် မြေ​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့၌ နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​သို့ သူ​တို့​ကို အပ်​လိုက်​မည်။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း၊

အ​ချင်း​လူ​သား၊ လူ​အ​သက်​ကို သတ်​တတ်​သော​မြို့​ကို သင်​သည် စစ်​ကြော​လော့။ စစ်​ကြော​လော့။ သူ၌ ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ပြ​လော့။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အစ်​မ​သောက်​သော​ခွက်၊ ကျယ်၍​ဇောက်​နက်​သော​ခွက်​ကို သင်​သောက်​ရ​မည်။ ထို​ခွက်၌ များ​စွာ​ဝင်​သည်​ဖြစ်၍၊ သင်​သည် ကဲ့​ရဲ့​ခြင်း​နှင့် ပျက်​ချော်​ခြင်း​ကို ခံ​ရ​မည်။

ထို​အာ​ရှု​ရိ လူ​ကောင်း​လူ​မြတ်​အ​ပေါင်း​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို ပြု၏။ တပ်​မက်​သော​သူ​အ​ပေါင်း​တို့၏ ရုပ်​တု​များ​နှင့် ကိုယ်​ကို ညစ်​ညူး​စေ၏။

အ​ကြောင်း​မူ​ကား၊ ထို​မြို့​သတ်​သော​သူ၏ အ​သွေး​သည် မြို့​အ​လယ်၌​ရှိ၏။ ထို​အ​သွေး​ကို မြေ​မှုန့်​နှင့်​ဖုံး​ခြင်း​ငှာ မြေ​ပေါ်​မှာ သွန်း​သည်​မ​ဟုတ်၊ ရှင်း​လင်း​သော ကျောက်​ပေါ်​မှာ တင်​ထား​ပြီ။

ငါ​သည်​လည်း အ​ပြစ်​ဒဏ်​ပေး​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ထွက်​စေ​ခြင်း​ငှာ၊ ထို​အ​သွေး​ကို​မ​ဖုံး​ဘဲ ရှင်း​လင်း​သော​ကျောက်​ပေါ်​မှာ တင်​ထား​ပြီ။

နောက်​တစ်​ဖန် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ကဲ့​ရဲ့​အ​ပြစ်​တင်​သော စ​ကား​ကို​မ​ကြား​ရ။ နောက်​တစ်​ဖန် ကိုယ်​အ​မျိုး​သား​တို့၌ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို​ဘု​ရား​ရှင်၊ ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​တော်​ရှိ​သ​မျှ​တို့​နှင့် အ​ညီ၊ သန့်​ရှင်း​သော တောင်​တော်​တည်း​ဟူ​သော ကိုယ်​တော်၏ ယေ​ရု​ရှ​လင်​မြို့​မှ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်​ကို လွှဲ​တော်​မူ​ပါ​ဟု အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ အ​ပြစ်​များ​မှ​စ၍ ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ကိုယ်​တော်၏​လူ​စု​သည် ပတ်​ဝန်း​ကျင်၌​ရှိ​သော သူ​တို့​တွင် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။

တစ်​ပြည်​လုံး​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သော​အ​မှု​ကို၊ ထို​ပြည်၌​နေ​သော သင်​တို့၏​ရန်​သူ​တို့​သည်​မြင်၍ မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။

ယ​ခု​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သာ၍​ပြင်း​စွာ အ​မျက်​တော်​ထွက်​စေ​မည်​အ​ကြောင်း၊ သာ၍​ဆိုး​သော​သူ​တည်း​ဟူ​သော သင်​တို့​သည် သင်​တို့​အ​ဘ​များ​ကိုယ်​စား ပေါ်​ထ​ကြ​ပြီ​တ​ကား။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆောင်​သွား​တော်​မူ​သော အ​ပြည်​ပြည်​တို့၌ သင်​သည်​အံ့​ဩ​ရာ၊ ပုံ​ခိုင်း​ရာ၊ ကဲ့​ရဲ့​ရာ​ဖြစ်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်၌ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း။ ဤ​ပြင်း​စွာ​သော အ​မျက်​တော်​အ​ရှိန်​ကား၊ အ​ဘယ်​သို့​နည်း​ဟု လူ​အ​မျိုး​မျိုး​တို့​သည် မေး​မြန်း​ကြ​လျှင်၊

တစ်​ပါး​အ​မျိုး​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ ငါ​တို့​သည် ဟော​ပြော​ကြ​သည်​ကို သူ​တို့​သည် ဆီး​တား၍၊ မိ​မိ​တို့​အ​ပြစ်​ကို အ​စဉ်​ပြည့်​စုံ​စေ​ကြ၏။ သူ​တို့​အ​ပေါ်၌ အ​မျက်​တော်​သည် အ​ကုန်​အ​စင် ရောက်​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ