Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 21:3

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​ပြည်​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင့်​ကို​ရန်​ဘက်​ပြု​လျက်၊ ငါ့​ဓား​ကို​ဓား​အိမ်​မှ​ထုတ်၍၊ သင်၌​တ​ရား​သော​သူ၊ မ​တ​ရား​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

ငါ​ပြော​အံ့​သော​စ​ကား​တစ်​ချက်​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် စုံ​လင်​သော​သူ​တို့​ကို​လည်း​ကောင်း၊ ဆိုး​ညစ်​သော​သူ​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​တတ်၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ သူ​တို့​ကို​ဆီး​တား၍ လှဲ​ချ​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို ဓား​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။

လက်​ယာ​လက်​တော်​နှင့် ဆိုင်​သော​လူ၊ ကိုယ်​တော်​အ​ဖို့ ခိုင်​မာ​စေ​တော်​မူ​သော လူ​သား၏​အ​ပေါ်​မှာ လက်​တော်​ကို​တင်​ပါ​စေ​သော။

ထို​နည်း​တူ၊ မိုး​သက်​မုန်​တိုင်း​တော်​အား​ဖြင့် သူ​တို့​ကို​ညှဉ်း​ဆဲ၍၊ ပြင်း​စွာ​သော လေ​တော်​အား​ဖြင့် ခြောက်​လှန့်​တော်​မူ​ပါ။

ရန်​သူ​က၊ ငါ​လိုက်​မည်။ သူ​တို့​ကို​မီ​လိမ့်​မည်။ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ၍ သူ​တို့၌ ငါ​ချင်​ရဲ​ပြေ​လိမ့်​မည်။ ဓား​ကို​အိမ်​မှ​ထုတ်၍ သူ​တို့​ကို ငါ့​လက်​နှင့်​ဖျက်​ဆီး​မည်​ဟု ဆို​သ​တည်း။

ခပ်​သိမ်း​သော​သူ​တို့​သည် ခပ်​သိမ်း​သော အ​မှု​အ​ရာ​တို့​နှင့် ဆက်​ဆံ​ကြ၏။ တ​ရား​သော​သူ​နှင့် မ​တ​ရား​သော​သူ၊ ကောင်း​သော​သူ​နှင့် မ​ကောင်း​သော​သူ၊ စင်​ကြယ်​သော​သူ​နှင့် မ​စင်​ကြယ်​သော​သူ၊ ယဇ်​ပူ​ဇော်​သော​သူ​နှင့် ယဇ်​မ​ပူ​ဇော်​သော​သူ၊ အ​ပြစ်​မ​ရှိ​သော​သူ​နှင့် အ​ပြစ်​ရှိ​သော​သူ၊ ကျိန်​ဆို​သော​သူ​နှင့် ကျိန်​ဆို​ခြင်း​ကို​ကြောက်​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​တတ်၏။

အာ​ရှု​ရိ​လူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ငါ့​အ​မျက်၏​လှံ​တံ​ဖြစ်၏။ သူ​ကိုင်​သော​တောင်​ဝှေး​သည် ငါ​ဒဏ်​ပေး​စ​ရာ​ဖို့ ဖြစ်၏။

အ​ကြောင်း​မူ​ကား၊ ငါ့​ဓား​သည် မိုး​ကောင်း​ကင်၌ ရောင့်​ရဲ​ပြီး​မှ၊ တစ်​ဖန် ဧ​ဒုံ​ပြည်​အ​ပေါ်​မှာ​လည်း​ကောင်း၊ ငါ​ကျိန်​သော​လူ​များ​တို့ အ​ပေါ်​မှာ​လည်း​ကောင်း၊ ဒဏ်​ပေး​ခြင်း​ငှာ ရောက်​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​သည်​ဆုံး၍ ကျေး​ဇူး​ပြု​တတ်​သော​သူ​တို့​သည် ပယ်​ရှား​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို မ​ကောင်း​သော​အ​မှု​အ​ရာ​ထဲ​က ရုပ်​သိမ်း​ပြီ​ဟု အ​ဘယ်​သူ​မျှ မ​ဆင်​ခြင်၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ကြ။

သို့​မ​ဟုတ်၊ ဥ​ပုသ်​နေ့၌​ဝန်​ကို ထမ်း​ရွက်၍၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​များ​သို့​မ​ဝင်၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​သည်​တိုင်​အောင်၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​လျှင်၊ ငါ​သည် ထို​မြို့​တံ​ခါး​တို့​ကို​မီး​ရှို့၍၊ ထို​မီး​သည် မ​ငြိမ်း​မ​သေ​ဘဲ ယေ​ရု​ရှ​လင်​မြို့ ဘုံ​ဗိ​မာန်​တို့​ကို လောင်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ချိုင့်၌​နေ​သော​သူ၊ အို လွင်​ပြင်၌​ရှိ​သော​ကျောက်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်​တို့​က၊ ငါ​တို့​ကို အ​ဘယ်​သူ စစ်​တိုက်​နိုင်​မည်​နည်း။ ငါ​တို့​နေ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဝင်​နိုင်​မည်​နည်း​ဟု ဆို​တတ်​သော်​လည်း၊

သင်​တို့​အ​ကျင့်​နှင့် ထိုက်​လျောက်​အောင် အ​ပြစ်​ဒဏ်​ကို​ငါ​ပေး​မည်။ သင်​တို့​တော​ကို ငါ​ရှို့​သော​မီး​သည်၊ ပတ်​လည်၌ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို လောင်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို မာ​န​ကြီး​သော​သူ၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ အ​ကယ်​စင်​စစ် သင်၏​အ​ချိန်၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ချိန်​ရောက်​လေ​ပြီ။

အို သံ​တူ​ကြီး၊ သင်​သည် ငါ​စစ်​တိုက်​စ​ရာ လက်​နက်​ဖြစ်၏။ သင့်​ကို​ငါ​ကိုင်၍ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို ချိုး​ဖဲ့​ပြီ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဖျက်​ဆီး​တတ်​သော​သ​ဘော​ရှိ၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဖျက်​ဆီး​တတ်​သော​တောင်​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​ပေါ်​မှာ ငါ၏​လက်​ကို​ဆန့်​လျက်၊ ကျောက်​တို့​မှ သင့်​ကို​လှိမ့်​ချ၍၊ မီး​နှင့်​ကျွမ်း​လောင်​သော​တောင် ဖြစ်​စေ​မည်။

ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​ချည်း​နှီး​သော​စ​ကား​ကို​ပြော၍ မု​သား​ရူ​ပါ​ရုံ​ကို​မြင်​သော​ကြောင့် ငါ​သည် သင်​တို့​တစ်​ဖက်၌​နေ၏။

သို့​မ​ဟုတ်၊ အို​ဓား၊ ထို​ပြည်​ကို​လုပ်​ကြံ​လော့​ဟု ငါ​ဆို​လျက်၊ ဓား​ဘေး​ကို ရောက်​စေ​သော​ကြောင့်၊ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ဖျက်​ဆီး​တတ်​သော သား​ရဲ​ဘေး၊ ကာ​လ​နာ​ဘေး​တည်း​ဟူ​သော၊ အ​လွန်​ဆိုး​သော ဘေး​လေး​ပါး​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ၊ ထို​မျှ​မ​က လွှတ်​ခဲ​လိမ့်​မည်​မ​ဟုတ်​လော။

အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဓား​သွား​ရာ​လမ်း​နှစ်​လမ်း​ကို မှတ်​သား​လော့။ လမ်း​နှစ်​လမ်း​တို့​သည် ပြည်​တစ်​ပြည်​ထဲ​က ထွက်​ရ​မည်။ မြို့​သို့​သွား​သော လမ်း​ခွ၌ အ​ရပ်​တစ်​ခု​ကို ရွေး​လော့။

ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​အ​သက်​ကို သတ်​တတ်​သော​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ ကြီး​စွာ​သော​မီး​ပုံ​ကို ငါ​စီ​ရင်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​တု​ရု​မြို့၊ သင့်​တစ်​ဖက်​၌ ငါ​နေ၏။ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​တက်​သ​ကဲ့​သို့၊ လူ​အ​မျိုး​မျိုး​တို့​သည် သင့်​ကို​တက်၍ တိုက်​စေ​မည်။

သင်​နှင့် သင့်​မြစ်​တစ်​ဖက်၌ ငါ​နေ၏။ အဲ​ဂု​တ္တု​ပြည်​ကို မိ​ဂ​ဒေါ​လ​မှ​စ၍ သု​ဏေ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ အဲ​သ​ယော​ပိ​ပြည် စွန်း တိုင်​အောင်​လည်း​ကောင်း၊ ဓား​နှင့်​ဖျက်​ဆီး၍ ဆိတ်​ညံ​စေ​မည်။

သင်၏​သုံး​စု​တို့​တွင်၊ တစ်​စု​သည် နာ​ဘေး​ဖြင့်​သေ၍၊ သင်၏​အ​လယ်၌ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​လိမ့်​မည်။ တစ်​စု​သည် သင့်​ပတ်​လည်၌ ဓား​ဘေး​ဖြင့်​လဲ၍ သေ​ရ​လိမ့်​မည်။ တစ်​စု​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်၍၊ သူ့​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။

ငါ​သည် ကိုယ်​တိုင်​သင့်​တစ်​ဖက်၌ နေ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်​မည်။

ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။

သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​ကို အ​ရပ်​ရပ်​ငါ​ကွဲ​ပြား​စေ၍၊ ဓား​မိုး​လျက်​လိုက်​မည်။ သင်​တို့​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​လျက်၊ မြို့​သည်​လည်း ပျက်​စီး​လျက်​ရှိ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင်၊ ယော​သပ်​အ​မျိုး​အ​ပေါ်​မှာ မီး​ကဲ့​သို့​တက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​ကို လောင်​စေ​တော်​မူ​မည်။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မီး​ဖြင့် ဒဏ်​ပေး​ခြင်း​ငှာ မီး​ကို​ခေါ်​တော်​မူ၍၊ မ​ဟာ​သ​မု​ဒ္ဒ​ရာ​ကို မီး​လောင်​လေ၏။ ကုန်း​ကို​လည်း လောင်​လေ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်၏​ရ​ထား​တို့​ကို မီး​ခိုး​ထဲ​မှာ မီး​ရှို့​မည်။ သင်၏​ခြင်္သေ့​ပျို​တို့​ကို ဓား​ဖြင့် ဖျက်​ဆီး​မည်။ သင်​လု​ယူ​သော​ဥ​စ္စာ​ကို မြေ​ကြီး​မှ ပယ်​ရှင်း​မည်။ သင်၏​သံ​တ​မန်​တို့ စ​ကား​သံ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​ကြား​ရ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​ဝတ်​ကို သင်၏​မျက်​နှာ​ပေါ်​မှာ​လှန်၍ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​ရှေ့​မှာ သင်၌ အ​ချည်း​စည်း​ရှိ​ခြင်း၊ အ​ရှက်​ကွဲ​ခြင်း​ကို ငါ​ပြ​မည်။

အို ကု​ရှ​ပြည်​သား​တို့၊ သင်​တို့​သည်​လည်း ငါ့​ဓား​ဖြင့် အ​သေ​ခံ​ရ​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန်း​တစ်​ဖက်၊ ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သော​သူ တစ်​ဖက်၌ နိုး​လော့။ သိုး​ထိန်း​ကို ရိုက်​သတ်​လော့။ သို့​ပြု​လျှင်၊ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်။ သိုး​သ​ငယ်​တို့​အ​ပေါ်၌​လည်း ငါ​သည် ငါ့​လက်​ကို တင်​ဦး​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ